Homeမြန်မာသတင်း
ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂ နှစ်ပြည့် မောင်တောလုံခြုံရေး တိုးမြှင့်
ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂ နှစ်ပြည့် မောင်တောလုံခြုံရေး တိုးမြှင့်
DVB
·
October 9, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းက စတင်ပြီး လုံခြုံရေအင်အား တိုးမြှင့်ချထားပါတယ်။
မောင်တောခရိုင်ရဲ့တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းက “၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်တိုက်ခိုက်ခံမှု ၂ နှစ်ပြည့်မြောက်တာဖြစ်တဲ့အတွက် မောင်တောမြို့တွင်း လုံခြုံရေးအင်အား တိုးချဲ့ချထားရတာ”လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) ဌာနချုပ်၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အကြမ်းဖက်သူတွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံရာ အကြမ်းဖက်သူ ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
သတင်း - ဗညား