DVB Logo
Home
မြန်မာသတင်း
ဧရာဝတီရေဘေး အရေးပေါ်ဆောင်ရွက်ပေးရန် တိုင်းလွှတ်တော်တောင်းဆို
DVB
·
August 17, 2012
ဧရာဝတီရေဘေး အရေးပေါ်ဆောင်ရွက်ပေးရန် တိုင်းလွှတ်တော်တောင်းဆို
Donate to DVB

လတ်တလော ဧရာဝတီတိုင်းအတွင်း ရေကြီးရေလွှမ်းမိုးနေတဲ့ ဒေသတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တိုင်းလွှတ်တော်က အဆိုပြု တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_29398" align="alignleft" width="300" caption="ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျောင်းကုန်းမြို့ ရေကြီးနေစဉ် (ဓာတ်ပုံ - ဦးမြင့်ဟန်)"][/caption]

ဩဂုတ်လ ၁၅ ရက်ကစပြီး ဧရာဝတီတိုင်း လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပြီး ဧရာဝတီရေဘေးအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ချင်းဆောင်ရွက်ပေးဖို့ တိုင်းအစိုးရအဖွဲ့ထံ အခုလို တောင်းဆို တိုက်တွန်းလိုက်တာလို့ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ပြောပြပါတယ်။

“မြို့နယ်အားလုံး လိုလိုမှာ ရေကြီးနစ်မြုပ်တာကို ခံနေရတာ ဖြစ်တယ်။ အဆိုးဆုံးက ရေကြည်မြို့နယ်။ သာပေါင်းမြို့နယ်၊  ကျုံပျော်မြို့နယ်၊ ကံကြီးဒေါင့်မြို့နယ်တွေမှာ အဆိုးဆုံး ဖြစ်နေတဲ့အတွက်ကြောင့် ပထမဆုံး ကယ်ဆယ်ရေး၊ ဒုတိယ ပြန်လည်ထူထောင်ရေး၊ တတိယက ရှေ့ဆက်ပြီး ဆောင်ရွက်မယ့် စီမံကိန်းတွေ ချမှတ်ဖို့အတွက် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးက မိမိတို့ ရန်ပုံငွေနဲ့ လုပ်နိုင်ရင် လုပ်မယ်။ မလုပ်နိုင်ရင် ပြည်ထောင်စုအဆင့်ကို တင်ပြပြီး အမြန်ဆုံး ဆောင်ရွက်ဖို့အတွက် တိုက်တွန်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းဆောင်ရွက်ပေးဖို့ ကိစ္စ တိုင်းလွှတ်တော်ကနေ ပြည်ထောင်စု လွှတ်တော်ထံ တင်ပြသွားဖို့ ရှိတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတိတိုင်းဒေသကြီး၊ ရေကြည်အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောပြပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ အရေးတကြီး ကိစ္စအနေနဲ့ တင်ပြပြီးတော့ အထောက်အပံ့တွေရဖို့ ဥက္ကဋ္ဌကြီးက တင်မှာပါ၊ ပြည်ထောင်စုလွှတ်တော်ကို တင်မယ်လို့ ပြောပါတယ်။ လောလောဆယ်မှာ အကူအညီတောင်းတာထက် ကယ်ဆယ်ရေးကိစ္စတွေ ထိထိရောက်ရောက်လုပ်ဖို့။ ဒုတိယအနေနဲ့ ကာကွယ်ဖို့ ဆည် တာတမံတွေကို ပိုပြီးတော့ စနစ်တကျနဲ့ ခိုင်ခိုင်မာမာဖြစ်အောင်လို့ ချက်ချင်း ဆောင်ရွက်ပေးဖို့၊ ထိထိရောက်ရောက်ဖြစ်အောင် ချက်ချင်းဆောင်ရွက်ပေးဖို့ပါ။”

ဧရာဝတီတိုင်းအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး၊ ဆန်နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေပါတယ်။

ဧရာဝတီတိုင်းထဲ အခုလို ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်နေတာဟာ သဘာဝဘေး သက်သက်ကြောင့် မဟုတ်တော့ဘူးလို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က အခုလို သုံးသပ်ပြောကြားသွားပါတယ်။
“အခု ရေကြီးရေနစ်မြုပ်တာက သဘာဝဘေးအန္တရာယ်လို့ချည်းပဲ ပြောလို့မရတော့ဘူး။ သဘာဘေးအန္တရာယ်ဆိုတာဟာ တခါတလေ ရေကြီးနစ်မြုပ်တဲ့အခါမှပဲ သဘာဝကြောင့်ဖြစ်တာ။ အခုက နှစ်စဉ်ဖြစ်နေတဲ့အခါကျတော့ ယနေ့ မြစ်အောက်ကြမ်းပြင်တွေ၊ မြစ်တွေ၊ ချောင်းတွေ ကောလာတာတွေကြောင့် မိုးများတာနဲ့ တပြိုင်တည်း ရေနစ်မြုပ်တာတွေရှိလာတယ်။ ဆည်တွေ၊ လမ်းတွေ၊ တာတွေ ပိုများလာတဲ့အတွက် ရေသွင်းတုတ်တွေ ဟန့်တားသွားတဲ့အတွက်ကြောင့် ရေစီးရေလာတွေနည်းသွားပြီး ရေကြီးနစ်မြုပ်တာတွေဖြစ်နေတယ်။ နှစ်စဉ်ကြုံလာပြီဖြစ်တဲ့အတွက်ကြောင့် သဘာဝတင်မဟုတ်တော့ဘူး။ မိမိလုပ်ရမယ့် လုပ်ငန်းတွေကို မဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒါတွေဟာ အခု လူထု ဒုက္ခရောက်နေပြီဆိုတာကို ပြောဆိုတိုက်တွန်းဆွေးနွေးခြင်းဖြစ်ပါတယ်လို့ ပြောခြင်းဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013