Home
မြန်မာသတင်း
လက်ဝှေ့ပွဲကြည့်ပြီး ပြန်လာသည့် သားအဖ ၂ ဦး ခိုက်ရန်ဖြစ်ပွား၊ ဖခင်ဖြစ်သူ သေဆုံး
DVB
·
October 8, 2018
43400805_10216992807602739_7817640506573193216_o
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ယင်းခဲကျေးရွာမှာ အောက်တိုဘာလ ၇ ရက်ညအချိန်က သားအဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ကသာမြို့မ စခန်းမှူး ဒုရဲမှူး ဉာဏ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ သားအဖ ၂ ဦးဟာ TV Channel က ထုတ်လွှင့်ပြသတဲ့ လက်ဝှေ့ပွဲကို တရွာတည်းနေ အမျိုးတွေအိမ်မှာ အတူသွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လာစဉ်လမ်းမှာ အခုလိုခိုက်ရန် ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ သားအဖ ၂ ဦး အပြန်အလှန် လုံးထွေးသတ်ပုတ်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သားဖြစ်သူက အသင့်ပါလာတဲ့ အရိုးသွား ၁ ပေ ခန့် ဆောင်ဓားနဲ့ ထိုးလိုက်တဲ့အတွက် အဖေဖြစ်သူညာဘက် ဝမ်းဗိုက် ၁ လက်မလောက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ဝဲဘက် ၂ လက်မလောက် ပေါက်ပြဲဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ အောင်သန်းဝင်းကို (ပ) ၃၅၁/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ ကသာမြို့မ စခန်းက အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024