DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှုကြောင့် စပါးစိုက်ဧက ၄ သိန်းနီးပါး ရေလွှမ်း
DVB
·
August 17, 2012
မြစ်ရေကြီးမှုကြောင့် စပါးစိုက်ဧက ၄ သိန်းနီးပါး ရေလွှမ်း
Donate to DVB

ဩဂုတ်လ ၁ ရက်နေ့ကတည်း မြစ်ရေကြီးပြီး ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ စပါးစိုက် လယ်ဧက ၄ သိန်းနီပါး ရေလွှမ်းခံရတယ်လို့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ အရေးပေါ် တုံ့ပြန်အကူအညီပေးရေး အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ရေလွှမ်းတဲ့ဧရိယာက ၁ သိန်း ၃ သောင်းနဲ့ ၅ ထောင်၊ ပဲခူးအရှေ့ခြမ်းပေါ့။ ဧရာဝတီတိုင်းကတော့ ၂ သိန်း ၉ ထောင်။ ဒါက လောလောဆယ် သိရသလောက်ပေါ့။ ဒီအတိုင်းဆို အားလုံးပေါင်း ၄ သိန်း ပတ်ဝန်းကျင်လောက် ရှိတယ်။”

စပါးစိုက်ပျိုးပြီးမှ ရေလွှမ်းခံရတာဖြစ်ပြီး ရေပြန်ကျသွားရင်တော့ ပြန်စိုက်ပျိုးနိုင်မှာကို မျှော်လင့်ရတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဧက ၈ သောင်းလောက်ဟာ ပြန်စိုက်ပျိုးလို့မရဘဲ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။ အရေးပေါ်တုံ့ပြန်အကူအညီပေးရေးအဖွဲ့က ရေကြီးလို့ ထိခိုက်နစ်နာတဲ့ လယ်သမားတွေအတွက် အကူအညီပေးနေပြီလို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“သူတို့ဘာလိုမလဲပေါ့၊ မိုးစပါးအပြင် ဘာတွေလိုမလဲ၊ တချို့နေရာဆို ၀မ်းစာစပါးလိုလည်း ၀မ်းစာစပါးပေါ့။ မြေဩဇာလိုလည်း မြေဩဇာ။ သွင်းအားစုပေါ့။ ဒါကို ကျနော်တို့အနေနဲ့ တတ်နိုင်သလောက်ဖြေရှင်းဖို့။ မဖြေရှင်းနိုင်တာမျိုးတွေဆိုလည်း ကျန်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတော်အစိုးရရော အားလုံးပူးပေါင်းပြီး စကားဝိုင်းဖွဲ့ပြီး ဆွေးနွေးပွဲလုပ်ပြီး အဖြေရှာဖို့ပေါ့။”

၂၀၁၂ ခုနှစ် စပါးစိုက်ရာသီမှာ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးပြီးတော့ စပါးအထွက် လျှော့နည်းမှာ ဖြစ်တဲ့အတွက် ဆန်ဈေး မတက်အောင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းကနေ တတင်းခွဲဝင် ဆန်အိတ် ၉ သောင်းကျော် ထုတ်ရောင်းထားတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီးတော့ နှစ်စဉ် တင်း သန်းပေါင်း ၆၅၀ ထွက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013