Home
မြန်မာသတင်း
ကျောင်းကြိုပို့ယာဉ် အစီး၂၀၀ ကို ကန်ထရိုက်တာအသင်းထံ ပြန်ရောင်းရန်ကမ်းလှမ်း
အာကာ
·
October 8, 2018
ရန်ကုန်တိုင်းအစိုးရက ကျပ်ငွေ ၁၀.၅ ဘီလီယံနဲ့ ဝယ်ယူထားတဲ့ ကျောင်းကားအစီး ၂၀၀ ကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်းက လွှဲပြောင်းဝယ်ယူဖို့ရှိနေပြီး ဒီကိစ္စ လွှတ်တော်က မသိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဝယ်ယူထားတဲ့ ကျောင်းကား အစီး ၂၀၀ ကို ပြန်လည် ၀ယ်ယူဖို့ အစိုးရက မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်းကို ကမ်းလှမ်းထားတယ်လို့ ရွေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းက အောက်တိုဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ ကျောင်းကား အများပိုင် ဖွဲ့စည်းရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုလို လွှဲပြောင်းမယ့်ကိစ္စကို လွှတ်တော်အနေနဲ့ မသိသေးဘူးလို့ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် က ပြောပါတယ်။ ဦးတင့်လွင်က “လွှတ်တော်အနေနဲ့ မသိသေးဘူး။ အစိုးရအဖွဲ့အနေနဲ့ မူလကယာဉ်ကြော ပိတ်ဆို့မှု ဖြေလျော့ဖို့ ကျောင်းကားတွေနဲ့ပြေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်မြေကန့်သတ်ချက် ကြောင့် ပြေးဆွဲဖို့ အခက်အခဲရှိနေတဲ့အတွက် အခုအဖြေရသွားတယ်လို့ ယူဆပါတယ်”လို့ ပြောပါတယ်။ ကျောင်းကားတွေ ဝယ်ယူပြေးဆွဲဖို့ အစိုးရနဲ့ ရွှေလက်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပြီး ကျပ် ၅.၅ ဘီလီယံကို ချေးယူခဲ့တာပါ။ ဒါပေမယ့် ဒီချေးငွေတွေကို အစိုးရနဲ့ ပုဂ္ဂလိက ဘယ်သူက ချေးခဲ့တယ်ဆိုတာကိုတော့ ဘဏ္ဍာရေး တာဝန်ခံကို မေးမြန်းပြီးမှ ပြန်လည်ဖြေကြားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၅ ရက်နေ့ လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024