အမေရိကန်နှင့် ဆွေးနွေးမှု အကျိုးရှိကြောင်း မြောက်ကိုရီးယား ပြော

North Korean leader Kim Jong Un meets with U.S. Secretary of State Mike Pompeo in Pyongyang in this photo released by North Korea's Korean Central News Agency (KCNA) on October 7, 2018. KCNA via REUTERS
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုနဲ့ ဆွေးနွေးမှုဟာ အကျိုးရှိပြီး ကောင်းမွန်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက  ပြောကြားလိုက်ပါတယ်။ အဲဒီလို ပြောကြားတာကို မြောက်ကိုရီးယား နိုင်ငံပိုင် KRT သတင်းဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ မိုက်ပွန်ပေယိုနဲ့ ကင်ဂျုံအန်းတို့ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ အမြန်ဆုံးကျင်းပရေး သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင့် မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေးကို အမေရိကန်ဘက်က စောင့်ကြည့်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန် ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုအတိုင်း မပြည့်မီဘဲ အနုတ်သဘောဆောင်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up