Home
မြန်မာသတင်း
စစ်တွေ အကျဉ်းထောင်အတွင်း ဆူပူခဲ့သူများကို စစ်ဆေးအရေးယူမည်
DVB
·
October 7, 2018
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အကျဉ်းထောင်ထဲမှာ ဆူပူမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေပြီး ဆူပူအောင်လုပ်ခဲ့သူတွေကို အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးမောင်မောင်စိုးက ပြောပါတယ်။ အောက်တိုဘာ ၆ ရက်က စစ်တွေ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတချို့နဲ့ ထောင်ဝန်ထမ်းတွေခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းဦးစီးဌာနက ၀န်ထမ်း နှစ်ယောက် ဒဏ်ရာရခဲ့ပေမယ့် အကျဉ်းသားတွေကတော့ တစုံတရာဒဏ်ရာရတာမရှိဘူးလို့လည်းပြော ပါတယ်။ စစ်တွေအကျဉ်းထောင်ထဲမှာ  ထောင်သားတွေနဲ့ ထောင်ဝန်ထမ်းတွေကြား ပြဿနာ ဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းကိုသိနိုင်ဖို့ သတင်းထောက်တွေ မေးမြန်းခဲ့ပေမယ့်လည်း ပြည်နယ်ရဲအရာရှိက အသေးစိပ်ပြောပြတာ မရှိပါဘူး။ ဒါပေမယ့် စစ်တွေထောင်ထဲက အကျဉ်းသားတွေရဲ့ တင်ပြတောင်းဆိုချက်တွေအပေါ် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ  ပြေလည်မှုရရှိသွားတယ်လို့ဆိုပါတယ်။ စစ်တွေထောင်က အကျဉ်းသားတွေဟာ အကြောင်းမရှိ အကြောင်းရှာ တိုက်ပိတ်ခံရတာမရှိစေရေး၊ လူမျိုးရေး တန်းတူအခွင့်အရေး ရရှိစေရေး၊ ထောင်ပိတ်ချိန် ခေါ်ယူစစ်ဆေးရိုက်နှက်မှုမရှိစေရေး၊ တရားစခန်း ဓမ္မာရုံ အမြဲဖွင့်လှစ်ပေးစေရေး၊ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို  ခွဲခြားဆက်ဆံမှုမရှိစေရေး စတာတွေကို တောင်းဆိုခဲ့ ကြတယ်လို့ သိရပါတယ်။ စစ်တွေအကျဉ်းထောင်အတွင်းမှာ မူးယစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ ညှဉ်းပန်းနှိပ်စက်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024