ဆီးရီးယားတွင် ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အဇက်မြို့မှာ အောက်တိုဘာလ ၆ ရက်နေ့က ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသ မီဒီယာက ဆိုပါတယ်။ အဇက်မြို့ဟာ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ရာ မြို့ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း  အဲဒီမြို့မှာ အလားတူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကစလို့ တူရကီဟာ ဆီးရီးယားမြောက်ပိုင်းကို နှစ်ကြိမ် ကျူးကျော်ပြီး ဆီးရီးယားသမ္မတကို တိုက်နေတဲ့ သူပုန်တွေကို ထောက်ခံခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်  တူရကီဟာ နယ်စပ်တလျှောက်မှာရှိတဲ့ အဲဒီနယ်မြေအပေါ် ထိန်းချုပ်မှုရစေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up