မုံရွာအိုးရှင်းစင်တာတွင် မီးလောင်
Aung Ko Latt
·
October 7, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အိုးရှင်းစင်တာ ဈေးဝယ်ကုန်တိုက်ရဲ့ စတိုခန်းမှာ ဒီကနေ့မနက် မီးလောင်မှုဖြစ်ပွားပါတယ်။
မီးလောင်ရာကို အပြင်လူတွေမဝင်ရောက်အောင် လုံခြုံရေးတွေလည်း တင်းကြပ်ထားပြီး မီးသတ်တပ်ဖွဲ့၊ တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအ၀င် အိုးရှင်းဝန်ထမ်းတွေ စုစုပေါင်း ၃၀၀ လောက်နဲ့ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။
မီးလောင်ရာနေရာမှာ တိုင်းမီးသတ်တပ်ဖွဲ့က အနီးကပ်ကြီးကြပ်ကာ မီးငြှိမ်းသတ်နေပြီး တိုင်းအစိုးရအဖွဲ့ လုံနယ်ဝန်ကြီး၊ လျှပ်စစ်လမ်းပန်းဝန်ကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေလည်း ကြည့်ရှုစစ်ဆေးနေပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘဲ သက်ဆိုင်ရာက အသေးစိပ် စစ်ဆေးနေဆဲဖြစ်ပါတယ်။