A d v e r t i s e m e n t With Us

ကယန်းတိုင်းရင်းသူအန်တိုနီရာကို ထိုင်းဖိုက်တာ ရီကာက ပထမအချီတွင်အနိုင်ထိုးသတ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ Kingdom of Heroes’ MMA ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ရီကာက မြန်မာနိုင်ငံက အန်တိုနီရာကို ပထမအချီမှာပဲ အနိုင်ရသွားပါတယ်။ ပွဲအစမှာ အန်တိုနီရာက လက်သီးတွဲလုံးတွေနဲ့ ရီကာကို ထိုးသတ်နိုင်ခဲ့ပေမယ့် ပထမအချီ ၂မိနစ်ကျော်မှာပဲ ရီကာရဲ့ ချုပ်ကွက်မိသွားပြီး  အန်တိုနီရာရဲ့ ဦးခေါင်းကို လက်သီးနဲ့ တရစပ်ထိုးနိုင်ခဲ့လို့ ကြိုးဝိုင်းဒိုင်က ရီကာကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသူတဦးဖြစ်တဲ့ အန်တိုနီရာဟာ အရင်က အနောက်တိုင်းလက်ဝှေ့ ကစားသမား တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပြောင်းထိုးသတ်ခဲ့ပါတယ်။ သူဟာ MMA ကစားသမားအဖြစ် ပြည်တွင်းမှာတကြိမ်ထိုးသတ်ခဲ့ဖူးပြီး ခု  ဒုတိယမြောက်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်တာ ဖြစ်ပါတယ်။ အန်တိုနီရာဟာ နိုင်ငံတကာပွဲအဖြစ် ပြည်ပကို ပထမဆုံးအကြိမ်သွားရောက်ပြီး MMA ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်တဲ့ ပထမဆုံး မြန်မာအမျိုးသမီးလည်းဖြစ်ပါတယ်။ Credit-One Championship

A d v e r t i s e m e n t With Us

More News
Up