A d v e r t i s e m e n t With Us

ချံပီယံဘိုင်ယန် အိမ်ကွင်းတွင် မွန်ချန်ဂလတ်ဘတ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူနစ်အသင်းက မွန်ချန်ဂလတ်ဘတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ မွန်ချန်ဂလတ်ဘတ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာ ပလီယာက သွင်းယူပါတယ်။ လက်ရှိချန်ပီယံ ဘိုင်ယန်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက် ကန်သွင်းမှာတော့ အပြန်အလှန်ရခဲ့ပါတယ်။ မွန်ချန်ဂလတ်ဘတ်အတွက် ဒုတိယဂိုးကို ၁၆ မိနစ်မှာ စတင်ဒယ်က အဝေးကစ်ကနေ သွင်းယူပါတယ်။ ဘိုင်ယန်ဟာ နောက်ပိုင်း ကစားထားတဲ့ ပွဲတွေမှာ နိုင်ပွဲပျောက်နေတာပါ။ မွန်ချန်ဂလတ်အတွက် အပိတ်ဂိုးကို ၈၈ မိနစ်မှာ ဟာမန်က သွင်းယူပါတယ်။ ဘိုင်ယန်မြူနစ်အတွက်တော့ အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ ရှုံးနိမ့်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ မွန်ချန်ဂလတ်ဘတ်က ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လာပြီး ဘိုင်ယန်ကတော့ ၁၃ မှတ်နဲ့ အဆင့် ၅ ကိုလျော့ကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up