Home
သတင်းဓာတ်ပုံ
မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိမ်း၏ ဈာပနကျင်းပ (ဓာတ်ပုံ)
DVB
·
October 6, 2018
ကွယ်လွန်သွားပြီဖြစ်တဲ့ မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်းရဲ့ ဈာပနကို ဒီကနေ့ မွန်းလွဲပိုင်းက  ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ကျင်းပပါတယ်။ ဈာပနအခမ်းအနားကို ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ ၈၈မျိုး ဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးတို့ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ နိုင်ငွေသိမ်းကို ချစ်ခင်လေးစားတဲ့ မွန်တိုင်းရင်းသားပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ မွန်အမျိုးသားပါတီ  ဥက္ကဋ္ဌ နိုင်ငွေသိမ်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်က  ရန်ကုန်မြို့၊ ရန်ကင်းတိုက်ခန်း နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၆နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကတည်းကပါဝင်ခဲ့ပြီး ဘ၀တ လျောက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေးတွေ အတွက်  ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဓာတ်ပုံ - လွင်မှိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024