ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ
DVB
·
October 6, 2018
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ တိုကျိုမြို့မှာ အလုပ်သဘော ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းတွေ၊ စစ်သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ တိုကျိုမြို့ရှိ New Otani ဟိုတယ်မှာ NHK ဂျပန်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၉ရက်မှာ ကျင်းပမယ့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဂျပန်နိုင်ငံသို့ ၆ ရက်ကြာ အလုပ်သဘောခရီး ရောက်ရှိနေတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံက သုံးနှစ်တကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဒီအစည်းအဝေးမှာ ကမ္ဘာဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ၀န်ကြီးချုပ်တွေ လည်းပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ-MOFA