Home
မြန်မာသတင်း
နိုင်ငံတ၀န်းရှိ အစိုးရပိုင်မြေနှင့် အဆောက်အဦငှားရမ်းမှုဆိုင်ရာ မူဝါဒထုတ်ပြန်မည်
DVB
·
October 6, 2018
မြန်မာတနိုင်ငံလုံးရှိ အစိုးရပိုင်နဲ့ ၀န်ကြီးဌာန မြေ၊ အဆောက်အဦငှားရမ်းတာတွေနဲ့ ပတ်သက်လို့ မူဝါဒထုတ်ပြန်ပြီး သမ္မတရုံးက ကိုင်တွယ်ဖို့ ဆွေးနွေးနေတယ်လို့  သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက နိုင်ငံပိုင်၊ အစိုးရပိုင် မြေ၊ အဆောက်အဦတွေ ငှားရမ်းတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတာကြောင့်  ဒီကိစ္စ ဆွေးနွေးနေတယ်လို့ မနေ့က သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆွေးနွေးနေတာ နှစ်ကြိမ်ရှိပြီးဖြစ်ပြီး တချို့နေရာတွေမှာ ခေတ်ကာလနဲ့ မလျော်ညီတဲ့ ငှားရမ်းခနှုန်းဖြစ်နေတာကြောင့် ဒါတွေကို ဘယ်လိုလုပ်မယ်ဆိုတာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ "အထူးသဖြင့် တိုင်းဒေသကြီး ပြည်နယ်တွေမှာဖြစ်နေတာကတော့ နိုင်ငံပိုင်၊ အစိုးရပိုင်မြေ၊ အဆောက်အဦတွေ ငှားရမ်းတာနဲ့ပတ်သက်ပြီး တော်တော်လေး ဝေဖန်မှုတွေ ရှိနေတယ်။ အဲအပေါ်မှာ အကုန်လုံးပြန်သုံးသပ်ပြီးတော့ အဲဒါနဲ့ဆိုင်တဲ့ မူထုတ်ဖို့ လုပ်နေတယ် "လို့ ဦးဇော်ဌေးက ပြောပါတယ်။ ၀န်ကြီးဌာနပိုင် မြေနဲ့ အဆောက်အဦတွေကို တန်ဖိုးသတ်မှတ်ပေးပြီး ၀န်ကြီးဌာန အလိုက် လုပ်ပိုင်ခွင့်ပေးမှာဖြစ်သလို သတ်မှတ်တန်ဖိုးထက် ကျော်တဲ့ဟာတွေဆိုရင် သမ္မတရုံးကို တင်ပြရမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024