ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးချိန် ကလေးများ စာသင်နိုင်ရန် အထူးလှေများပုံစံထုတ်ထား

In this photograph taken on September 4, 2018, Bangladeshi students attend a "floating school", operated by the Shidhulai Swanirvar Sangstha (SSS) charity, in Chalan Beel in Rajshahi district. - More than 9,000 people have been displaced by the Padma in just five years, as the main tributary of the Ganges encroaches further and further inland. (Photo by Munir UZ ZAMAN / AFP) / TO GO WITH Bangladesh-climate,FOCUS by Sam JAHAN
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနေအိမ်တွေ ရေမြုပ်နေချိန် ကလေးတွေ စာသင်နိုင်ဖို့ အထူးလှေတွေကို ပုံစံထုတ်ထားပါတယ်။ နိုင်ငံအတွင်း ပိုတိုးလာနေတဲ့ ရေကြီးမြေပြိုမှုတွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝကို ထိခိုက်စေပါတယ်။ ရေကြီးမှုကြောင့် ကလေးတွေရဲ့ ပညာရေး မထိခိုက်အောင် နိုင်ငံသားတွေက နည်းလမ်း ရှာခဲ့တာပါ။ “သယ်ယူပို့ဆောင်ရေး စနစ်မရှိလို့ ကလေးတွေ ကျောင်းမသွားနိုင်ရင် ကျောင်းတွေက ကလေးတွေဆီကို လာသင့်တယ်။ ဒါကြောင့် ကျနော်က ကျောင်းလှေ၊ သင်တန်းကျောင်းလှေ၊ စာကြည့်တိုက်လှေနဲ့ ကစားကွင်းလှေတွေကို ဖန်တီးခဲ့တယ်”လို့ လှေပုံစံထုတ်သူက ပြောပါတယ်။ အိမ်တွေ ရေမြုပ်နေတာတောင် တနှစ်လုံး ကျောင်းဆက်တက်နိုင်လို့ ကျောင်းကို ချစ်တယ်လို့ ကျောင်းသူ တယောက်ကပြောပါတယ်။ “ရေကြီးနေလို့ ကျောင်းပျက်မှာကို ကလေးတွေ စိတ်ပူဖို့ မလိုတော့ဘူး ကျောင်းအများကြီးဟာ ရေကြီးချိန်မှာ ပိတ်ထားရတယ်။ ဒီကျောင်းကတော့ ဆက်ဖွင့်နိုင်တယ် ကလေးတွေက ဒီမှာ ဆော့လို့လည်းရတယ် ပံ့ပိုးမှုတွေ အများကြီးပဲ”လို့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Shidhulai Swanirvar Sangstha က ကျောင်းလှေ အစီး ၂၀ ကို တည်ဆောက်ခဲ့ပြီး ကလေး အယောက် ၇၀,၀၀၀ ကို စာသင်ပေးနေခဲ့တာ ၁၉၉၈ ခုနှစ် ကတည်းကပါ။ နှစ်စဉ် ဇူလိုင်ကနေ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးလို့ ကလေး ၁ ဒသမ ၅ သန်း ကျောင်းတက်ဖို့ ပျက်ကွက်နေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up