A d v e r t i s e m e n t With Us

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရပ်တန့်ရေးကြိုးပမ်းသူ ၂ဦး ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ

စစ်ပွဲတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက် သဖွယ်အသုံးပြုမှုရပ်တန့်ရေးကြိုးပမ်း အားထုတ်ခဲ့တဲ့  ဒန်းနစ် မူကွက်ဂ်ျနဲ့ နာဒီရာမူရာဒ် တို့ကို ငြိမ်းချမ်းရေး နိုဘယ်ဆိုပေးအပ်ကြောင်း နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒင်းနစ်မူကွက်ဂ်ျဟာ ကွန်ဂိုနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရသူတွေအတွက် ဘ၀ တလျောက်လုံး ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။ နာဒီရာ မူရာဒ်ကတော့ အီရတ်နိုင်ငံ မြောက်ပိုင်းက ယာဇီဒီလူနည်းစုဝင် တဦးဖြစ်ပြီး  ကိုယ်တိုင် စစ်ရာဇ၀တ်မှုရဲ့ သားကောင်းဖြစ်ခဲ့ရကာ သူကိုယ်တိုင်နဲ့ သူ့လိုခံစားခဲ့ရ သူတွေအတွက် သတ္တိရှိရှိ ထုတ်ဖော် ပြောဆိုခဲ့သူဖြစ်တယ်။ မူရာဒ်ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ အဓမ္မပြုကျင့်မှုနဲ့ တခြား  နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ယာဇီဒီလူမျိုး မိန်းကလေးနဲ့ အမျိုးသမီး ၃၀၀၀ လောက်ထဲမှာ တဦးအပါအ၀င်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up