Home
မြန်မာသတင်း
‘၀’ဒေသ လားဟူဘုရားကျောင်း ၂ ကျောင်းထပ်မံ ဖျက်ဆီးခံရ၊ ဖမ်းဆီးခံရသူများမလွတ်သေး
DVB
·
October 5, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း ‘၀’ အထူးဒေသ ၂  မိုင်းပေါက်မြို့နယ်ထဲမှာ လားဟူနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်း ထပ်မံဖျက်ဆီးခံရပြီး ဖမ်းဆီးခံနေရတဲ့ လားဟူ ဓမ္မအမှုတော်ဆောင်တွေလည်း ပြန်မလွတ်သေးဘူးလို့ လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ လာဇရုက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉နဲ့ ၂၀ ရက်တွေကစပြီး မိုင်းပေါက်မြို့ UWSA ‘၀’ အာဏာပိုင်တွေဟာ မြို့နယ်အတွင်းရှိ လားဟူခရစ်ယာန်ဘုရားကျောင်းတွေကို ချိတ်ပိတ်ခဲ့ပြီး ဓမ္မဆရာ ၉၂ ပါးကို ဖမ်ဆီးခဲ့တာပါ။ လားဟူဘုရားကျောင်း ၅၂ ကျောင်းထဲက နောက်ထပ် ၂ ထပ်မံဖျက်ဆီးခံရတဲ့အတွက် အခုဆိုရင် ဖျက်ဆီးခံရတဲ့ ဘုရားကျေင်း ၅ ကျောင်းရှိပြီလို့ ဒေါက်တာလာဇရုက ပြောပါတယ်။ “ကျနော်တို့ ထုတ်ပြန်တဲ့အချိန်က ၃ ကျောင်းပဲ။ နောက်ပိုင်းမှာလည်း ၂ ကျောင်းထပ်ဖျက်တယ်လေ။  ” ဒ့ါအပြင် ‘၀’ တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဓမ္မဆရာတွေထဲက ‘၀’လူမျိုး ဓမ္မဆရာတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လားဟူလူမျိုးဆရာတွေကိုတော့ ပြန်မလွှတ်ပေးသေးဘူးလို့လည်း ပြောပါတယ်။ “ ၀တွေကိုကျတော့လွှတ်ပေးပြီလို့ ကြားတယ်။ ကျနော်တို့ လားဟူအဖွဲ့ကိုကျတော့ မလွှတ်ပေးဘူး။ ၀လူမျိုး ဓမ္မဆရာအပါး ၁၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီလို့ပြောတယ်။ လားဟူကျတော့ အခုထိမလွှတ်ပေးသေးဘူး။  လားဟူက ၉၂ ပါး၊ ကျမ်းစာကျောင်းသား ကျောင်းသူ ၄၁ ဦး မလွှတ်ပေးသေးဘူး။” မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်လို့ ပြဋ္ဌန်းထားပါတယ်။ ဒါပေမယ့်  ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ မြန်မာနိုင်ငံက သုံးစွဲနေတဲ့ ဥပဒေတွေ မစိုးမိုးနိုင်တဲ့ ဒေသတွေဖြစ်တယ်လို့လည်း ဒေါက်တာ လာဇရုက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024