ချမ်းမြသာစည်တွင် ကျပ်သိန်း ၈၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးများဖမ်းမိ
DVB
·
October 5, 2018
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ကားတစီးနဲ့ သယ်ဆောင်လာတဲ့ ကျပ်သိန်း ၈၇၇၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
သံလျှက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းရှိ ရွှေရာစုစားသောက်ဆိုင် နောက်ကျောလမ်းမပေါ်မှာ မူးယစ်ဆေးဝါး သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့က စောင့်ဆိုင်းနေစဉ် စိုင်းလုမောင်းနှင်လာတဲ့ Probox ကားအမျိုးအစားကို စစ်ဆေးရာမှာ ယာဉ်နောက်ခန်းထဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တာပါ။
စစ်ဆေးရာမှာ စိတ်ကြွဆေးဝါးစုစုပေါင်း ၂၉၂၅၀၀ ပြားကို ယာဉ်မောင်းစိုင်းလုနဲ့ ဆက်စပ်တရားခံ ဆန်ခမ်းတို့ကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။