DVB Logo
Home
မြန်မာသတင်း
တွံတေး-ခနောင်-ဒလ လမ်းပိုင်း သွားလာ၍မရအောင် ပျက်စီးနေ
DVB
·
August 17, 2012
တွံတေး-ခနောင်-ဒလ လမ်းပိုင်း သွားလာ၍မရအောင် ပျက်စီးနေ
Donate to DVB

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ကြံ့ခိုင်ရေးပါတီက  မဲဆွယ်ဖောက်လုပ်ပေးခဲ့တဲ့ တွံတေး-ခနောင်-ဒလ ဆက်သွယ်ထားတဲ့လမ်းဟာ အပြီးမသတ်သေးတဲ့အတွက် အခု မိုးတွင်းအချိန်မှာ သွားလာလို့ မရအောင် ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွံတေး-ခနောင်-ဒလ လမ်းပိုင်းဟာ မြေသားလမ်းဖြစ်တဲ့အတွက် အခုလို မိုးတွင်းအချိန်မှာ သွားလာလို့မရအောင် ပျက်စီးနေတာလို့ ဒလမြို့နယ် ခနောင်ချောင်းဝ ကျေးရွာဒေသခံ တဦးက ပြောပါတယ်။

[caption id="attachment_29336" align="alignleft" width="300" caption="တွံတေး-ခနောင်-ဒလ လမ်းပိုင်း"][/caption]

“ဒီလမ်းက ဆိုင်ကယ်စီးသွားရင် မြေမြိုသလား မှတ်ရတယ်။ သူတို့ကိုမဲထည့်ပြီးတာနဲ့ ခင်းပေးမယ်လို့ ကတိပေးသွားပါတယ်။ ဒါပေမယ့် ဖြစ်မလာဘူး။ ပြည်သူတွေရဲ့ရင်ထဲမှာ မပြောရဲလို့သာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၂၀၀၉ ခုနှစ်မှာ စပြီးမတည်ပေးတာ။ သူတို့အပြောက ကတ္တရာခင်းမယ် မီးတိုင်တွေ ပါမယ်ပေါ့။ ပြောတဲ့ အတိုင်းဖြစ်ဖို့လိုတယ်။ ကျေးရွာတွေက ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးလိုက်ပေမယ့် ဖြစ်မလာဘူး၊ သွားရေးလာရေး ခက်ခဲတယ်။”

အခုအချိန်ထိ မြေသားလမ်းအမျိုးအစားပဲ ရှိနေပြီး ၂၀၁၀ နောက်ပိုင်းမှာ လမ်းကို ဒေသခံတွေနဲ့ ရန်ကုန်က အလှူရှင်တချို့အလှူငွေနဲ့ ဆက်ဖောက်ခဲ့တာ သိန်း ၂၀၀ လောက် ကုန်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013