DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့ ကျေးရွာများတွင် လုံခြုံရေးအတွက် ဒေသခံများ ကင်းစောင့်နေရ
DVB
·
August 17, 2012
ရသေ့တောင်မြို့ ကျေးရွာများတွင် လုံခြုံရေးအတွက် ဒေသခံများ ကင်းစောင့်နေရ
Donate to DVB

ရခိုင်ပြည်နယ် ဒေသအတွင်းမှာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရဘက်က ပြောနေပေမယ့် ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာတော့ ရပ်ရွာလုံခြုံရေး အတွက် ဒေသခံတွေ ညကင်းစောင့်နေကြ ရဆဲ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီထိ ရပ်ရွာလုံခြုံရေးအတွက် ညကင်းစောင့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ် သရက်ချောင်းကျေးရွာ ဒေသခံတဦးက “ကင်းက ကျနော်တို့ရွာမှာ ၃ နေရာ ခွဲပြီး စောင့်ကြရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့အခြေအနေ က အေးအေးဆေးဆေးတော့ မဟုတ်ပါဘူး။ တောင်ယာတွေကိုလာဖျက် ဟိုဖျက် ဒီဖျက်၊ ဖျက်ဆီးနေကြတုန်းပါ။ အရင်က နွားတွေကို တောင်မှာ လွှတ်ပြီး ကျောင်းလေ့ရှိပေမယ့် အခု ကျနော်တို့မှာ နွားတွေကိုတောင် လွတ်လွတ်လပ်လပ်ကျောင်းလို့မရတော့ဘူး။ ဒုက္ခရောက်နေကြရ ပါတယ်။”

ရသေ့တောင်မြို့နယ်ထဲမှာ ခမရ ၅၃၆၊ ၅၃၇ နဲ့  ၅၂၈ တို့က တာဝန်ယူနေတယ် ဆိုပေမယ့် ကျောက်တန်း၊ စေတီပြင်၊ သရက်ချောင်း ကျေးရွာတွေ အားလုံးမှာ ညကင်းစောင့်နေကြရ တာပါ။

ဒေသခံစစ်တပ်အနေနဲ့ အဲ့ဒီကျေးရွာတွေကို တခါတရံမှသာ လာရောက်ကြတဲ့အတွက် ကိုယ်ရွာရဲ့ လုံခြုံရေးကို ရွာသားတွေ ကိုယ်တိုင် တာဝန်ယူနေကြရတာလို့ ဆိုပါတယ်။

“အစိုးရလုံခြုံရေးဆိုတာ ရှိတယ်ဆိုတာ ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော့် ရွာမှာ မရှိဘူး။ ကျနော်တို့ကမ်းခြေမှာ ရသေ့တောင်မြို့နယ်မှာ မမြင်ဘူး။ ဘင်္ဂါလီတွေနေတဲ့ နယ်စပ်ဘက်မှာတော့ ရှိတယ်လို့ ပြောသံကြားပါတယ်။ ကျနော်တို့ ရွာတွေကိုတော့ မရောက်ဘူး။”

အခုလို ကင်းစောင့်နေရတာဟာ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေ ထိခိုက်လာနိုင် သလို ရေရှည်မှာ လည်း စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လာနိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တွေမှာ ဇွန်လနဲ့ သြဂုတ်လတွေက ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။
အခုအခါမှာတော့ မောင်တော နဲ့ ဘူးသီးတောင်မှာ ည ၆ နာရီ ကနေ မနက် ၆ နာရီသတ်မှတ်ထားရာကနေ့ ည ၇ နာရီကနေ မနက် ၅ နာရီထိ၊ မင်းပြားနဲ့ မြောက်ဦး တို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013