DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story နိုင်ငံရေး သတင်း

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ ထိပ်သီးအစည်းအဝေးကျင်းပမည်

  • By ရွှေအောင်
  • 4 October 2018
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့ရဲ့ ထိပ်သီး အစည်းအဝေးပွဲကို အန်စီအေ အပစ်ရပ်လက်မှတ်ထိုးတဲ့ ၃နှစ်ပြည့် အောက်တိုဘာ ၁၅ရက်မှာ ကျင်းပဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁ဝ ဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“အန်စီအေ သုံးနှစ်ပြည့်တဲ့ အောက်တိုဘာ ၁၅ရက်မှာ နှစ်ပိုင်းပေါ့၊  မနက်ပိုင်းမှာက အရင် လုပ်နေကျအတိုင်း မိန့်ခွန်းတွေ ဘာတွေပြော၊ အသိအမှတ်ပြုတာတွေ ဘာတွေ လုပ်ပေါ့။ မွန်းလွဲပိုင်းမှာတော့ ၁ဝ ယောက်၊ ၁ဝ ယောက် အလွတ်သဘော ဆွေးနွေးပွဲပေါ့ လွတ်လွတ်လပ်လပ် ပြောကြဆိုကြပေါ့”

အဲ့ဒီတွေ့ဆုံ ဆွေးနွေးပွဲပြီးရင် တစ်ဆို့နေတဲ့ အချက်တွေ ပြေလည်သွားနိုင်ပြီး နောင် လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့သွားနိုင်တယ်လို့လည်း ခွန်ဥက္ကာ မျှော်လင့်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ ဒီလထဲ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိတယ်လို့ အတည်ပြုပြောပါတယ်။

တစ်ဆို့နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က ပြီးခဲ့တဲ့ ဇူလိုင်လ ကတည်းက  တောင်းဆိုခဲ့တာပါ။

ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က ဖဒိုကွယ်ထူးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မှာ အောက်တိုဘာ ၁ရက်နဲ့ ၂ရက်မှာ ကြိုတင် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တို့ရဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့်နေရာကို အတည်မပြုနိုင်သေးဘဲ အညာဒေသ ပုပ္ပါးဘက် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

 

Tags: ကာကွယ်ရေးဦးစီးချုပ်ခွန်ဥက္ကာစစ်ရေးမင်းအောင်လှိုင်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ ထိပ်သီးအစည်းအဝေးကျင်းပမည်အန်စီအေဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေး

  • Previous story ကယားပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး
  • Next story စစ်သွေးကြွများအား နှိမ်နင်းနေသည့် စစ်တပ်ကို အမေရိကန် ထောက်ပံ့မှု လျှော့ချမည်မဟုတ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.