Home
မြန်မာသတင်း
ကယားပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး
နော်နိုရင်း
·
October 4, 2018
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတော်တော်များများမှာ မနေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် နောင်ယားကန်က တံတားမှာလည်း ရေကျော်နစ်မြုပ်ခဲ့ပြီး လူနေအိမ်ခြေတချို့လည်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အခုလိုရေကြီးတာဟာ မိုးကြောင့်ဖြစ်သလို ဘီလူးချောင်းရေလည်းတက်လာတဲ့အတွက် အခုလိုရပ်ကွက်တွေအထိ ရေလျှံမှုတွေဖြစ်တာလို့ ဒေသခံတဦးက ပြောပါတယ်။ “ရေကြီးတာက မိုးတအားများလို့လေ။ ရေကြီးတာက ပိုးဇာခြံတို့၊  အဝေးပြေးဘက်၊ လေယာဉ်ကွင်းအောက်ဘက်တွေမှာ ရေလျှံတယ်။ ဘီလူးချောင်းလည်း ရေတက်တယ်။ မိုးဆက်ရွာရင်တော့ ရေထပ်ကြီးဖို့ပဲ ရှိတယ်။” အလားတူ ဒီးမော့ဆိုမြို့နယ်မှာတော့ မြို့ပေါ် ရေမကြီးပေမယ့် မြို့နယ်အတွင်းရှိ ဘုရားဖြူ ကျေးရွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ဆင်တောင်ကျေးရွာအုပ်စု   ဝီးသဲကူးတောင် မြောက်ကျေးရွာကွင်းအမှတ်  ၈၅ မှာ စိုက်ပျိုးထားသော စပါး ဧက ၅ဝလောက်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်မြုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ဓာတ်ပုံ - စိန်ဝင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024