ကွင်းလယ်လူ ရမ်ဆေး၏နေရာတွင် ဇီလင်စကီးဖြင့် အစားထိုးရန် အာဆင်နယ် ပြင်ဆင်

2.9K
အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ရမ်ဆေးရဲ့နေရာမှာ နာပိုလီက ဇီလင်စကီးနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပေမယ့် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းသစ်နဲ့ ဆွေးနွေးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
နည်းပြ အူနိုင်းအမ်မရီကတော့ ရမ်ဆေး ထွက်ခွာသွားမယ်ဆိုရင် နာပိုလီက ပိုလန်ကွင်းလယ်ကစားသမား ဇီလင်စကီးနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်ရှိ ဇီလင်စကီးဟာ ၂၀၁၆ ခုနှစ်ကမှ နာပိုလီအသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် ခေါ်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
ပိုလန်လက်ရွေးစင် ဇီလင်စကီးဟာ နာပိုလီအသင်းမှာ ၉၆ ပွဲကစားပြီး ၁၅ ဂိုး သွင်းထားပါတယ်။