DVB Logo
Home
မြန်မာသတင်း
ဖူးကတ်ကျွန်း ဒစ္စကိုကလပ်မီးလောင်၊ မြန်မာ ၁ ဦးအပါအ၀င် ၄ ဦး သေဆုံး
DVB
·
August 17, 2012
ဖူးကတ်ကျွန်း ဒစ္စကိုကလပ်မီးလောင်၊ မြန်မာ ၁ ဦးအပါအ၀င် ၄ ဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံ ဖူးကတ်ကျွန်းက နာမည်ကျော် ပသောင်ကမ်းခြေရဲ့ ဒစ္စကိုကလပ်တခုမှာ သောကြာနေ့ မနက်စောပိုင်းကမီးလောင်မှုကြောင့် မြန်မာနိုင်ငံသားတဦးအပါအ၀င် နိုင်ငံခြားသား  ၄ ဦး သေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ တိုက်ဂါး အရက်နဲ့ ဒစ္စကိုကလပ်မှာ မီးလောင်မှုမဖြစ်ပွားခင် တညလုံး မိုးသည်းထန်စွာရွာနေပြီး ဆိုင်ရဲ့ မီးအားမြှင့်စက် ဆီ လျှပ်စီးလက် မိုးကြိုးပစ်ရာကနေ မီးစလောင်ပြီး ၂ ထပ်တိုက် ဆိုင်တခုလုံး ပြာကျသွားတာလို့ မျက်မြင်တွေက ရဲအဖွဲ့ကို ပြောပါတယ်။ ၁ နာရီလောက် မီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသွားခဲ့ပါတယ်။

ရုပ်ပျက်ဆင်းပျက် သေဆုံးသူ ၄ ဦးဟာ နိုင်ငံခြားသားဧည့်သည်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုရသေးဘူးလို့ ဖူးကတ် ဒုတိယမြို့တော်ဝန် ချာမ်ရိုဝမ် တိပယာ ပွန်တာဒါက ဆိုပါတယ်။

အေအက်ဖ်ပီသတင်း ၁ ပုဒ်မှာတော့ သေဆုံးသူတွေထဲမှာ စင်ကာပူ ၃ ဦး၊ ဂျပန် ၁ ဦးနဲ့ မြန်မာ ၁ ဦးတို့ ပါဝင်ပြီး မီးလောင်ကျွမ်းလို့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မီးခိုးမွှန်ပြီး အသက်ရှူကျပ်တဲ့ ထိုင်းနဲ့ ဩစတြေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်လူမျိုး နိုင်ငံခြားသားတွေကို ပသောင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013