စပိန် ငါးဖမ်းသမားများကို မျိုးသုဉ်းလုနီး ငါးမန်းပြာ တရားမ၀င်ဖမ်းဆီးမှုဖြင့် ဖမ်းဆီး

စပိန်နိုင်ငံက ကျူနာငါးဖမ်း သင်္ဘောလုပ်သားတွေကို ဂေဘွန်နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ ဖမ်းလိုက်တယ်လို့ ပင်လယ်ထိန်းသိမ်းစောင့်ရှောက်ရေး အုပ်စုဖြစ်တဲ့ Sea Shepherd က အောက်တိုဘာ ၁ ရက်နေ့မှာ ပြောပါတယ်။ ငါးမန်းတောင် ရရှိရေး လိုင်စင်မရှိဘဲနဲ့ မျိုးသုဉ်းလုနီး ငါးမန်းပြာတွေ တရားမဝင် ဖမ်းနေတာကြောင့် သင်္ဘောသားတွေကို ဖမ်းခဲ့တာလို့လည်း ပြောပါတယ်။ ဆီနီဂေါအလံကို လွှင့်ထားတဲ့ စပိန်ငါးဖမ်းသင်္ဘော ဗှေမာဟာ ကျူနာငါးကိုသာ ဖမ်းခွင့်ရှိတာပါ။ ဒါပေမယ့် ငါးမန်းပြာ အများစုဖြစ်တဲ့ ငါးမန်းနဲ့ ငါးမန်းတောင် ၂ တန်လောက် တင်ဆောင်လာတာကို စက်တင်ဘာ ၂၂ ရက်က တွေ့ခဲ့ရပါတယ်။ ငါးမန်းပြာတွေကို မျိုးသုဉ်းလုနီး ရေသတ္တ၀ါစာရင်းထဲမှာ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေးသမဂ္ဂက စာရင်းသွင်းထားပါတယ်။ ငါးမန်းတောင်ကို တရုတ်နိုင်ငံနဲ့ အရှေ့အာရှ ဒေသတွင်းမှာ စားသုံးလေ့ရှိပါတယ်။ အတ္တလန္တိတ် ငါးမန်းမျိုးစိတ် ၁၅ ရာခိုင်နှုန်းဟာ ခုတော့ မျိုးသုဉ်းမယ့် ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ နှစ်စဉ် ငါးမန်းကောင်ရေ သန်း ၇၀ ကျော် အသတ်ခံနေရလို့ ငါးမျိုးစိတ် လေးပုံတပုံက မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီးပြီလို့ ကုလသမဂ္ဂ လက်အောက်ခံ သဘာဝစောင့်ရှောက်ရေးအဖွဲ့ WWF က ပြောပါတယ်။ မျိုးသုဉ်းခါနီး မျိုးစိတ်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာ ဥပဒေအောက်မှာ ငါးမန်းမျိုးစိတ်တချို့ ဖမ်းတာကို ပိတ်ပင်တားမြစ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up