နာမည်ကြီး ရီးရဲလ်ရှုံးနိမ့်ပြီး ရိုးမား ဂိုးပြတ်အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စု (ဂျီ) မှာ နာမည်ကြီး ရီးရဲလ်က စီအက်စ်ကေအေ မော်စကိုအသင်းကို ရှုံးနိမ့်ပြီး ရိုးမားအသင်းက ဗက်တိုးရီးယားအသင်းကို ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ အီတလီ စီးရီးအေကလပ် ရိုးမားက ချက်ကလပ်အသင်း ဗက်တိုးရီးယားကို ဒီဇက်ကိုရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ရိုးမားအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ တဖက်သတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ရိုးမားအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၃ မိနစ်၊ ၄၀ နဲ့ မိနစ် ၉၀ မှာ ဒီဇက်ကိုက ၃ ဂိုး၊ ၆၄ မိနစ်မှာ ဆန်ဂျဇ် အန်ဒါ၊ ၇၃ မိနစ်မှာ ဂျက်စတင်း ကလွိုင်ဗက်တို့က ၁ ဂိုးစီသွင်းယူပြီး ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ စီအက်စ်ကေအေ မော်စကိုအသင်းရဲ့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဟာ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ ပွဲစပြီး ၂ မိနစ် နီကိုလရဲ့ သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက မိနစ် ၉၀ မှာ အိုင်ဂေါ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စု (ဂျီ) မှာ ၂ ပွဲစီကစားထားပြီး စီအက်စ်ကေအေက ၄ မှတ်၊ ရိုးမားက ၃ မှတ်၊ ရီးရဲလ်က ၃ မှတ်၊ ဗက်တိုးရီးယားက ရမှတ် ၁ မှတ်နဲ့ အသီးသီးရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up