အားကောင်းသည့် စစ်တပ်ရှိမှ ငြိမ်းချမ်းရေး သေချာမည်ဟု ကိုရီးယားသမ္မတပြော

¹® ´ëÅë·É, Àü±º ÁÖ¿äÁöÈÖ°üµé°ú ±¹±â¿¡ °æ·Ê (¼­¿ï=¿¬ÇÕ´º½º) ¹èÀ縸 ±âÀÚ = ¹®ÀçÀÎ ´ëÅë·ÉÀÌ 8ÀÏ ¿ÀÈÄ Ã»¿Í´ë ¿µºó°ü¿¡¼­ ¿­¸° Àü±º ÁÖ¿äÁöÈÖ°ü °Ý·Á ¿ÀÂù¿¡¼­ ±º ÁöÈÖ°üµé°ú ÇÔ²² ±¹±â¿¡ °æ·ÊÇÏ°í ÀÖ´Ù. 2017.12.8 [email protected]/2017-12-08 12:00:52/
အားကောင်းတဲ့ စစ်တပ်ရှိမှ ငြိမ်းချမ်းရေးက သေချာလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အောက်တိုဘာ ၁ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံရဲ့ အနှစ် ၇၀ မြောက် တပ်မတော်နေ့မှာ ခုလို ပြောလိုက်တာပါ။ ကိုရီးယားစစ်ပွဲ အမှတ်တရအနေနဲ့ ကျင်းပတဲ့ ဒီပွဲမှာ စစ်ရေးပြအခမ်းအနားနဲ့ တောင်ကိုရီးယား ရက်ပါ အဆိုတော် PSY ဆိုင်ရဲ့ ဂီတဖျော်ဖြေပွဲတွေ ပါဝင်ပါတယ်။ မနှစ်က အခမ်းအနားမှာတော့ စစ်ရေးပြအခမ်းအနား နဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပါဝင် ခဲ့တာပါ။ မွန်ဂျေအင်းရဲ့ ခုလိုကြေညာချိန်မှာပဲ တောင်နဲ့မြောက် ကိုရီးယားအစိုးရတွေဟာ စစ်တပ်အကြီးအကျယ်ချထားတဲ့ နယ်စပ်တလျှောက်က မြေမြှုပ်မိုင်းတွေကို စတင်ဖယ်ရှား နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ လာမယ့်ရက် ၂၀ အတွင်း ပန်မွန်ဂျုံဒေသ ပူးတွဲလုံခြုံရေးဧရိယာမှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေ အားလုံးကို ဖယ်သွားဖို့ နှစ်ဖက်လုံးက သဘောတူထားတယ်။ တောင်ကိုရီးယားဘက်က ဘေးအန္တရာယ်ရှိတဲ့ အလုပ်တွေကို စစ်အင်ဂျင်နီယာတွေက လုပ်သွားမယ်လို့ ကာကွဝ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်အတွင်း ယုံကြည်မှုတည်ဆောက်ရေးနဲ့ တင်းမာမှု လျှော့ချရေးသဘောတူညီချက်အရ လုပ်ဆောင်တာပါ။ အရင်လက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား ထိပ်သီးညီလာခံအတွင်း ပဋိညာဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို သဘောတူခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up