Home
မြန်မာသတင်း
ဗဟိုဘဏ်ကနေ ဒေါ်လာရောင်းချပေးနေသည့်မူဝါဒ ပြန်စိစစ်ရန် တိုက်တွန်း   
စိုးမိုးအောင်
·
October 2, 2018
နိုင်ငံတော်ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို အမေရိကန်ဒေါ်လာ ရောင်းချပေးတဲ့အခါ ပြည်သူတွေလက်ထဲကို ဘယ်လိုမူဝါဒနဲ့ ပြန်ပေးလဲဆိုတာ စိစစ်ဖို့လိုမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။ ပြည်တွင်းမှာ ဒေါ်လာဈေးမြင့်တက်မှုကို တားဆီးဖို့အတွက် နိုင်ငံတော်ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာထုတ်ရောင်းခဲ့ပေမယ့် ဒေါ်လာဈေးကျဆင်းမသွားတဲ့အပြင် မြင့်တက်လာတွေ ကြောင့် ပြန်လည်စိစစ်ဖို့ ဦးကျော်ဇေယျက အခုလိုတိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်တဲ့ (Money Changer)တွေမှာလည်း မူဝါဒမရှိဘဲ လုပ်ကိုင်နေတာတွေကြောင့် ငွေကြေးမှောင်ခိုလုပ်သူတွေဆီ မရောက်ဖို့ ပြန်လည်စိစစ်တာမျိုး တွေ လုပ်သင့်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် ဒေါ်လာဈေးမြင့်တက်လာမှုဟာ အခွန်စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ငွေတွေကို ပိုမိုကျစ်လစ်ဖို့အတွက် ဒေါ်လာတွေကို ၀ယ်ယူတာတွေလည်း ရှိနိုင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့ ပြည်ပကဘဏ်တွေကို ပြည်တွင်းမှာ ဖွင့်ခွင့်ပေးလိုက်ရင် ပြည်တွင်းမှာ ယှဉ်ပြိုင်မှုအားကောင်းလာမှာဖြစ်သလို မကောင်းတဲ့အချက်တွေလည်းရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တရုတ်ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ဘဏ်ဖွင့်ခွင့်ရဖို့အတွက် ရန်ကုန်တိုင်းလွှတ်တော်ကို လာရောက် ဆွေးနွေးတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၆၅၀အထိ အမြင့်ဆုံးဈေးဖြစ်ခဲ့ပြီး ဒေါ်လာဈေးကစားသူတချို့ကို အစိုးရဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ တစ်ဒေါ်လာကို ငွေကျပ်၁၅၀၀ကျော်အထိ  ပြန်ကျဆင်းသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024