ကက်တလန်ဆန္ဒခံယူပွဲ တနှစ်ပြည့် ချီတက်

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ အောက်တိုဘာ ၁ ရက်နေ့က ကက်တလန် ပြည်သူ့ဆန္ဒခံယူပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ် ချီတက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ချီတက်ရာမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက နံပါတ်တုတ်တွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒေသလွှတ်တော်နဲ့ ရဲဌာချုပ်ရှေ့ကို ချီတက်ခဲ့တာပါ။ အဲဒိနောက် ဒေသလွှတ်တော်ရှေ့မှာ ခွဲထွက်ရေးအလံတွေ ဝှေ့ယမ်းပြီး “အောက်တိုဘာ ၁ ရက်နေ့ ဒို့မမေ့၊ ခွင့်မလွှတ်ဘူးဟေ့” လို့ ကြွေးကြော်ခဲ့ပါတယ်။ အဲဒီနောက် ရဲဌာနချုပ်ရှေ့မှာလည်း “သမ္မတနိုင်ငံထူထောင်ရေး” ဆိုတဲ့ ပိုစတာတွေ ကိုင်မြှောက်ပြီး ဆန္ဒပြသူတချို့က စက္ကူလေယာဉ်တွေ ပစ်လွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့က ကာတာလိုးနီးယားပြည်နယ်ကို စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးယူဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒခံယူပွဲမှာ ထောက်ခံမဲအများစု ရခဲ့ပြီးနောက် စပိန်အစိုးရက ဆန္ဒခံယူပွဲကို အသိမှတ်မပြုဘဲ ကာတာလိုးနီးယားဒေသကို ဗဟိုအစိုးရကနေ တိုက်ရိုက်အုပ်ချုပ်ခဲ့တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up