Home
မြန်မာသတင်း
မုံရွာမြို့နယ် စစ်မှုထမ်းဟောင်း ၂၀၀ ကျော် ဖေ့စ်ဘွတ်ခ်ကို ဆန့်ကျင်ရှုတ်ချဆန္ဒပြ
Aung Ko Latt
·
October 2, 2018
43047919_894142894124040_820441407549341696_o
42926907_894143187457344_870236214702112768_o
42885016_894143340790662_1137561185432895488_o
42899365_894142997457363_6437408407581360128_o
မုံရွာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ကာ တပ်မတော်ကို ထောက်ခံခြင်းနဲ့ ဖေ့စ်ဘွတ်ခ်ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာ ၂ ရက် မနက်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ မုံရွာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ကြီး တင်ငွေက “အဓိက ကတော့ ရခိုင်မြောက်ပိုင်းမှာ အာဆာ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုင်းရင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်မှုလုပ်တာကို တပ်မတော်က ဝင်ရောက်ကာကွယ်ထိန်းသိမ်းခဲ့ရတယ်။ တပ်မတော်က ဖွဲ့စည်းပုံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ တာ ဖြစ်တယ်။ ဒို့တာဝန်အရေးသုံးပါးကို မမှိတ်မသုန်ထမ်းဆောင်နေတဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အခုအခါမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တပ်မတော်ခေါင်းဆောင် တွေကို ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ရေး လုပ်ဆောင်နေတယ်။ ဒါကြောင့် တပ်မတော်ကို ထောက်ခံတယ် ဆိုတာပြသလိုတဲ့အတွက် လုပ်ဆောင်ရခြင်းဖြစ်တယ်”လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲမှာ စစ်မှုထမ်းဟောင်း ၂၂၀ ဝန်းကျင်ပါဝင်ခဲ့ပြီး မုံရွာမြို့မှာ အခုလို တပ်မတော်ထောက်ခံတဲ့ ဆန္ဒပြပွဲပြုလုပ်တာက ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်တာလည်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေက မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော ဖေ့စ်ဘွတ်ခ်ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှတို့လုံးဝ လက်မခံ စတဲ့ အချက်တွေပါဝင်တဲ့ အချက် ၇ ချက်ကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024