Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော် လုံခြုံရေးစနစ် အဆင့်မြှင့်တင်ရေးဆွေးနွေး
DVB
·
October 2, 2018
40657865_2012031835529547_2950763843703275520_o
ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လုံခြုံရေးစနစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ ကြပြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေတိဂုံစေတီတော်ကြီးအား ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်နိုင်ရေးအတွက် လုပ်ဆောင်ရမယ့် အခြေအနေတွေကို ပြောကြားခဲ့သလို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် FISCA Enterpriseနဲ့ Huawei Technologies ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဂေါပကအဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို တင်ပြခဲ့ပါတယ်။ ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024