Home
မြန်မာသတင်း
ပြည်သူယုံကြည်အားကိုးလောက်သည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကြီးရုံး တည်ဆောက်မည်
DVB
·
October 1, 2018
ပြည်သူလူထု ယုံကြည်အားကိုးလောက်တဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကြီးရုံးကို မကြာခင် တည်ဆောက်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒီရဲတပ်ဖွဲ့မှူးရုံးဟာ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် အမှန်တရားဘက်ကနေ ရပ်တည်နိုင်ဖို့ လုပ်ဆောင်သွားမှာလို့ ဒီမနက်ကျင်းပတဲ့ ၅၄ နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာ ၀န်ကြီးချုပ်က ပြောကြားလိုက်တာပါ။ အဲဒီအဆောက်အအုံကိုတော့ အခုလ အောက်တိုဘာ ဘတ်ဂျက်ကာလအတွင်းမှာ စတင် အကောင်အထည်ဖော်လုပ်ဆောင်မှာဖြစ်ပြီး ရန်ကုန်အစိုးရ လွှတ်တော်ဝန်းကနေ ရှင်စောပုလမ်းဘက်ကို မျက်နှာမူပြီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် လက်ရှိ  ပြည်သူ့ရင်ပြင်ထဲကနေ  မီးပွိုင့်တွေကတဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေကို ထိန်းချုပ်ထားတဲ့ ကွန်ထရိုးစင်တာစနစ်တွေမှာလည်း လုံခြုံရေး ကင်မရာတွေ ထပ်မံတပ်ဆင်ပြီး အခုအသစ်တည်ဆောက်မယ့် ရဲတပ်ဖွဲ့မှူးကြီးရုံးကနေ ပြောင်းလဲ ထိန်းချုပ်သွားတော့မယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ အချိန်မရွေးပေါ်ပေါက်လာနိုင်တဲ့ မှုခင်းတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်ဖို့အတွက်လည်း CCTV ကင်မရာတွေ တိုးချဲ့တပ်ဆင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ရဲတပ်ဖွဲ့ဝင်အရာရှိတွေ တက်ရောက်ခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ လတ်တလော ရန်ကုန်မြို့မှာ လူသတ်မှု၊ ရိုက်နှက်မှုတွေအပါအ၀င် ရာဇ၀တ်မှုတွေ  လူမြင်ကွင်းမှာ ဖြစ်ပွားမှုတွေ တိုးများလာနေပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားပေမယ့် အရေးယူမှုမရှိလို့ ဆိုပြီး ပြစ်မှုကျူးလွန်သူတွေလည်း ရှိနေပါတယ်။ သူဇာလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024