ကမ္ဘာတဝှမ်း သယ်ဆောင်နေသည့် အိုလံပစ်မီးရှူးတိုင် အာဂျင်တီးနား ရောက်ရှိ

2.1K
ကမ္ဘာတဝှမ်း ခရီးဆန့် သယ်ဆောင်လာတဲ့ အိုလံပစ်မီးရှူးတိုင်ဟာ စက်တင်ဘာ ၃၀ ရက်နေ့က ကမ္ဘာ့တောင်ဖျား အာဂျင်တီးနားနိုင်ငံ အူရှူအိုင်ယာမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
အိုလံပစ်မီးရှူးတိုင် သယ်ယူတဲ့ နှစ်လတာ ခရီးစဉ်အတွင်း မြို့ပေါင်း ၁၇ မြို့၊ ခရီးမိုင်ပေါင်း ၈,၇၀၀ ကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
မြို့တော် ဗျူနိုအေးရိစ်မှာ ကျင်းပမယ့် နွေရာသီ လူငယ်အားကစားပြိုင်ပွဲ မတိုင်မီ ဒီမီးရှူးတိုင်ဟာ အာဂျင်တီးနားကို ရောက်လာခဲ့တာပါ။
အိုလံပစ်မီးရှူးတိုင် ရောက်ရှိနေတာဟာ အူရှူအိုင်ယာမြို့ကို ကမ္ဘာ့ဗဟိုစင်တာ ဖြစ်စေတယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ခ်ျက ပြောကြားခဲ့ပါတယ်။