A d v e r t i s e m e n t With Us

ဘရာဇီးတွင် လိင်တူစိတ်ဝင်စားသူများပွဲတော် ကျင်းပ (ရုပ်သံ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုးမြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့က နှစ်စဉ်ကျင်းပတဲ့ လိင်တူ စိတ်ဝင်စားသူများပွဲတော် ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ကို ကိုပါကာဘန်နာကမ်းခြေမှာ ပြုလုပ်ပြီး ပွဲတော်ဆင်နွှဲသူတွေဟာ အရောင်သွေးစုံ ဝတ်စုံတွေနဲ့ သီဆိုကခုန်ခဲ့ကြပြီး လိင်တူစိတ်ဝင်စားသူတွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။ ဘရာဇီးသမ္မတ ရွေးကောက်ပွဲကလည်း တပတ်သာ လိုတော့တာမို့ ပွဲတော်ခေါင်းစဉ်ကို “မူကို မဲပေးပါ။ လူကို မဲမပေးပါနဲ့။ LGBTI အရေး ဆောင်ရွက်မယ့် မူတွေကို မဲပေးပါ” ဆိုပြီး နာမည်ပေးထားပါတယ်။ ပွဲတော်ဆင်နွှဲသူတချို့ကလည်း “LGBTI ကို မဲပေးမယ်။ ဘော်ဆိုနာရိုကို မဲမပေးဘူး” ဆိုတဲ့ စတစ်ကာတွေ ကပ်ထားတဲ့ အင်္ကျီတွေကို ဝတ်ဆင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up