Home
မြန်မာသတင်း
ဥပဒေချုပ်အသစ် လွှတ်တော်ဥက္ကဋ္ဌရှေ့ ကတိသစ္စာပြု လက်မှတ်ရေးထိုး
အာကာ
·
October 1, 2018
ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဥပဒေချုပ်အသစ် ဒေါ်ခင်မျိုးကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ဥပဒေချုပ်အဖြစ် ကတိသစ္စာပြု လက်မှတ်ရေးထိုး လိုက်ပါတယ်။ လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကစက်တင်ဘာ ၂၇ ရက်နေ့က အတည်ပြုထားတာပါ။ ဒေါ်ခင်မျိုးကြည်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့က လွှတ်တော်ကိုအမည်စာရင်း တင်သွင်းခဲ့ပါတယ်။ အခု အတည်ပြုခန့်အပ်လိုက်တဲ့ ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ဇွန်လက အငြိမ်းစားယူခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ လက်ရှိမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုရင်ဆိုင်နေရပြီး စက်တင်ဘာလ ၁၄ ရက်နေ့က တာဝန်က ရပ်စဲခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024