Home
မြန်မာသတင်း
မဲဆောက်ဈေးကြီး မီးလောင်မှု ဘတ်သန်း ၂၀ ကျော်ဆုံးရှုံး၊ ပိတ်မိမြန်မာ ၁ ဦးကို ကယ်တင်နိုင်ခဲ့
နန်းမြနဒီ
·
October 1, 2018
1538281402_17952_06
1538281399_15226_05
1538281395_57818_04
1538281392_23128_03
1538281385_56992_01
မြန်မာအလုပ်သမားတွေ အများအပြားဝင်ရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စက်တင်ဘာ  ၃၀ ရက် မနက်အစောပိုင်းက မြုနီစီပယ်ဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားပြီး ဘတ်သန်းပေါင်း ၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၃၀ ရက် မနက် ၂ နာရီကျော်လောက်က မဲဆောက်ဈေးကြီးထဲ မီးလောင်ကြောင်း သတင်းရရှိတဲ့အတွက် မီးသတ်ကား ၁၀ စီးနဲ့ အချိန် ၂ နာရီကျော်ကြာ သွားရေက်ငြိမ်းသတ်ခဲ့ရတယ်လို့ မဲဆောက်မီးသတ်တပ်ဖွဲ့  တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာမှာ ၄ ခန်းတွဲစီပါတဲ့ ၄ ထပ်တိုက်ဈေးဖြစ်ပြီး ၄ ထပ်မြောက် အခန်း အမှတ်  ၂/၃၀ အလှပြင်ပစ္စည်းအရောင်းဆိုင်မှ စတင်လောင်ကျွမ်းကြောင်း၊ မီးလောင်ချိန် မနက်အစောကြီးဖြစ်တဲ့အတွက် ဈေးမဖွင့်သေးဘဲ ဆိုင်မှာလည်း လူမရှိကြောင်း၊ အဲဒီကစ ဘေးကပ်လျက်အခန်းတွေကို ကူးစက်လောင်ကျွမ်းသွားတာလို့ မီးသတ်တာဝန်ရှိက ဆက်ပြောပါတယ်။ မီးလောင်သွားတဲ့ ဈေးဆိုင်ခန်း ၄ ခန်းရှိပြီး ကုန်စုံဆိုင်၊ အလှကုန်ပစ္စည်းဆိုင်တွေ ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းလွယ်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ဘတ်သန်းပေါင်း ၂၀ ကျော်မယ်လို့ မီးသတ်က ခန့်မှန်းပြောဆိုပါတယ်။ မီးလောင်စဉ် ဈေးအစောင့်က အပေါ်ဆုံးထပ်မှာ ပိတ်မိနေတဲ့အတွက် အထူးကယ်ဆယ် ရေး လှေခါးအသုံးပြုပြီး ကယ်ထုတ်ခဲ့ကြောင်း၊ မီးသတ်ဝန်ထမ်းတဦး လက်ဝဲလက်မောင်း မီးဟပ်လို့ ဒဏ်ရာအနည်းငယ်ရသွားပြီး ဆေးရုံပို့ဆောင်ထားပြီလို့  ပြောပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်မှာ နေထိုင်သူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားကွန်ရက်အဖွဲ့ အတွင်းရေးမှူး ဦးမိုးကြိုးက အပေါ်ဆုံးထပ်မှာ ပိတ်မိနေ သူမှာ မြန်မာတဦးဖြစ်ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မီးလောင်တဲ့နေရာကို တာဝန်ရှိသူတွေက ကြိုးနဲ့တားထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာကလွဲလို့ ကျန်တဲ့ ပျံကျဈေးသယ်များအပေါ် ထိခိုက်မှုမရှိသလို ပုံမှန်ရောင်းဝယ်နေကြတယ်လို့  ဒီဗွီဘီကို ပြော သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024