ကမ္ဘာ့ဖလားအပြီး အင်အားကုန်ခန်းသွားကြောင်း ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် ပြော

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ အားအင်တွေ လုံးဝကုန်ခန်းသွားခဲ့တယ်လို့ အင်တာဗျူးတခုမှာ ပြောကြားလိုက်ပါတယ်။ မိုဒရစ်ဟာ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းကို သမိုင်းဝင် ဒုတိယဆုရရှိအာင် ကြိုးပမ်းခဲ့တဲ့နေရာမှာ အဓိက ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြီးတဲ့အချိန်မှာ မိုဒရစ်အတွက် ၃ ပတ်သာ အနားရခဲ့ပြီး ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ မိုဒရစ်က လက်ရှိအချိန်မှာ သူ့အတွက် အနားယူဖို့ အချိန်လိုအပ်နေပေမယ့်လည်း ပုံစံကောင်းပြန်ရဖို့ အစပျိုးနေပြီလို့ ဆိုပါတယ်။ ဖီဖာရဲ့ အကောင်းဆုံးအမျိုးသား ကစားသမားဆုရရှိထားတဲ့ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်တွေမှာတော့ သာမန်ထက် ခြေစွမ်းကျဆင်းနေတာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့်ဝေဖန်တာကို ခံနေရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆီဗီလာအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို အဲဒီပွဲမှာ မိုဒရစ်ရဲ့ခြေစွမ်းဟာလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း နာမည်ကြီးကစားသမားတွေ ထပ်မံမခေါ်ယူဘ ဘင်ဇီမာ၊ ဘေးလ်၊ အယ်ဆန်ဆီရို၊ မိုရီယာနို၊ မိုဒရစ်တို့ရဲ့ ရုန်းအားတွေကို အဓိကထားပြီး ပြိုင်ပွဲတွေကစားဖို့ ဆုံးဖြတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up