ဂိုးသွင်းနိုင်ဖို့ထက် ဖလားဆွတ်ခူးဖို့ အဓိကရည်မှန်းချက်ဖြစ်ကြောင်း ဟာဇက် ပြော
DVB
·
September 30, 2018
ဂိုးဘယ်လောက်သွင်းနိုင်တယ်ဆိုတာ ရည်မှန်းချက် မဟုတ်ဘဲ ရာသီကုန်ချိန်တိုင်း ဆုဖလားတခုခု ဆွတ်ခူးဖို့သာ အဓိကပစ်မှတ် ဖြစ်တယ်လို့ တိုက်စစ်မှူး ဟာဇက်က ပြောကြားလိုက်ပါတယ်။
ဟာဇက်ဟာ မနေ့ညက လီဗာပူးနဲ့ သရေကျတဲ့ ပွဲစဉ်မှာလည်း ၁ ဂိုး သွင်းယူထားပါတယ်။
ချဲလ်ဆီးနည်းပြ ဆာရီကလည်း ဟာဇက်အနေနဲ့ ရာသီကုန်ချိန်မှာ ဂိုး ၄ဝ လောက်သွင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဟာဇက်ဟာ ပြီးခဲ့တဲ့ လိဂ်ဖလားရှုံးထွက်မှာ လီဗာပူးအသင်းဘက်ကို လူစားဝင်ချိန်မှ အနိုင်ဂိုးသွင်းယူပြီး ချဲလ်ဆီးကို နောက်တဆင့်ရောက်စေခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ တတိယဆုရရှိခဲ့တဲ့ ဘယ်ဂျီယံအသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီးတော့ ရီးရဲမက်ဒရစ်အပါအဝင် ဥရောပ အသင်းတော်တော်များများက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဟာဇက်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ ၆ ပွဲကစားပြီးချိန် ၆ ဂိုးထိသွင်းယူထားပြီးတော့ နာမည်ကြီး မက်ဆီထက် သွင်းဂိုးအရေအတွက်များနေသူလည်း ဖြစ်ပါတယ်။