A d v e r t i s e m e n t With Us

အီတလီ ထိပ်သီး ဂျူဗင်တပ်စ်နှင့်ရိုးမားတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

အီတလီထိပ်သီးအသင်းတွေ တွေ့ဆုံခဲ့တာမှာတော့ ဂျူဗင်တပ်စ်က နာပိုလီကို ရော်နယ်ဒိုရဲ့ ဖန်တီးမှု ၂ ကြိမ်နဲ့အတူ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့သလို ရောမဒါဘီမှာလည်း ရိုးမားအသင်းက လာဇီယိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရာသီအစက ခြေစွမ်းပိုင်းကျဆင်းခဲ့လို့ ရုန်းကန်ခဲ့ရတဲ့ ပေါင်သန်း ၁၀၀ တန် တိုက်စစ်မှူး ရော်နယ်ဒိုဟာ တပွဲနဲ့တပွဲ ပုံမှန်ခြေစွမ်းပြန်လည်ရရှိပြီးတော့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး မန်ဇူကစ်က ၂ ဂိုး၊ နောက်ခံလူ ဘိုနူချီက ၁ ဂိုးသွင်းယူပေးခဲ့ပြီးတော့ နာပိုလီအသင်းအတွက် တလုံးတည်းသော ဂိုးကိုတော့ မာတန်က သွင်းယူပေးခဲ့ပါတယ်။ နာပိုလီတို့ ဦးဆောင်ဂိုး စောစောစီးစီးရလို့ ပျော်ရွှင်ခဲ့ရပေမယ့် လက်ရှိ ဥရောပ အကောင်းဆုံးလူစာရင်း ရှိနေတဲ့ ဂျူဗင်တပ်စ်ကို ပွဲအပြီးမှာတော့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အခုရလဒ်ကြောင့် ဂျူဗင်တပ်စ်တို့ ၇ ပွဲကစားရမှတ် ၂၁ မှတ်နဲ့ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတဲ့ အသင်းဖြစ်လာပါတယ်။ ရောမဒါဘီမှာတော့ ရိုးမားတို့ အိမ်ကွင်းမှာချေစွမ်းပြပြီး ပယ်လီဂရီနီ၊ ကိုလာရောဗ့်၊ ဖာဇီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အိုလံပီကိုကွင်းကြီးမှာ အောင်ပွဲခံခဲ့ပါတယ်။ လာဇီယိုအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၆၇ မိနစ်မှာ အင်မ်မိုဘိုင်းလ်က သွင်းယူပေးခဲ့ပါတယ်။ အခုရလဒ်ကြောင့် အဆင့် ၅ နဲ့ ၆ နေရာက လာဇီယိုနဲ့ရိုးမားတို့ကြား အမှတ်ကွာဟမှု ၁ မှတ်သာရှိတော့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up