A d v e r t i s e m e n t With Us

ချင်းနိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းခြင်းအခမ်းအနား ပြုလုပ်

ချင်းနိုင်​ငံ​ရေးပါတီ သုံးခုဖြစ်​တဲ့ ချင်းအမျိုးသားဒီမိုကရက်​တစ်​ပါတီ၊ ချင်းဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီနဲ့ ချင်းတိုးတက်​​ရေးပါတီတို့ရဲ့ ချင်းအမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီအဖြစ်​ ​ပေါင်းစည်းခြင်း အခမ်းအနားကို စက်​တင်​ဘာ ၂၉ ရက်​​နေ့က ရန်​ကူန်​မြို့ ​တော်​ဝင်​နှင်းဆီ ခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။ ချင်းအမျိုးသားတရပ်​လုံးကို ကိုယ်​စားပြုပြီး ချင်းအမျိုးသာတရပ်​လုံးရဲ့ အကျိုးကို​ ဆောင်​ရွက်​နိုင်​ဖို့ ရည်​မှန်းချက်​နဲ့ ပါတီ​ပေါင်းစည်း​ရေးကို ​​ဆောင်​ရွက်​ခဲ့တယ်​လို့ ချင်းဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီဥက္ကဋ္ဌ ဦးငိုင်​ဆပ်​က ​ပြောပါတယ်​။ ချင်းအမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီအဖြစ်​ ပါတီမှတ်​ပုံတင်​ဖို့ကို​တော့ လာမယ့်လအအတွင်း ​ဆောင်​ရွက်​သွားမယ်​လို့ ချင်းတိုးတက်​​ရေးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးရှိန်းထွန်းက ​ပြောပါတယ်​။ အခုလို ပါတီ​တွေ​ ပေါင်းစည်း​နိုင်​ရေးအတွက်​ ၂၀၁၆ ​မေလ ၁ ရက်​​နေ့က သ​ဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်​​ စက်​တင်​ဘာလ ၂၉ ရက်​​နေ့ လက်​မှတ်​​ရေးထိုးတဲ့ အချိန်​မတိုင်​ခင်​အထိ တွေ့ဆုံဆွေး​နွေးမှု​တွေ ပြုလုပ်​ခဲ့တယ်လို့ သိရပါတယ်​။  

A d v e r t i s e m e n t With Us

More News
Up