DVB Logo
Home
မြန်မာသတင်း
ထိုင်းသတင်းထောက်များကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု ဦးသိန်းစိန်ပြော
DVB
·
August 16, 2012
ထိုင်းသတင်းထောက်များကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု ဦးသိန်းစိန်ပြော
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းသတင်းထောက်နဲ့ ကော်လံစားဆောင်းပါးရှင် ၁၅ ဦးကို နာမည်ပျက်စာရင်းသွင်းထားရာကနေ ပယ်ဖျက်ပေးမယ်လို့ ကတိပေးထားတဲ့အကြောင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်နေတဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူကွမ်ပို ဆူဝန်နာတတ်က အတည်ပြုပြောကြားလိုက်ပါတယ်။

[caption id="attachment_29269" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီး ဆူကွမ်ပို ဆူဝန်နာတတ်"][/caption]

မြန်မာသမ္မတအနေနဲ့ နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ ထိုင်းသတင်းထောက်တွေရဲ့ ဓာတ်ပုံနဲ့ အမည်စာရင်း ရလျှင်ရချင်း နာမည်ပျက်စာရင်းကနေ ပက်ဖျက်ပေးဖို့ အမိန့်ထုတ်ပြန်ပေးမယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြ ပါတယ်။

ထိုင်းသတင်းသမားတွေဟာ ၂၀၀၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး  မြန်မာဆန့်ကျင်ရေး ဆောင်းပါးတွေ ရေးခဲ့တဲ့အတွက် မြန်မာအစိုးရက နာမည်ပျက် စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။ နာမည်ပျက်စာရင်းသွင်းခံရသူအများစုဟာ ဘန်ကောက်ပို့စ်နဲ့ သည်နေရှင်း သတင်းစာမှာရေးတဲ့ သတင်းထောက်နဲ့ ကော်လံစား ဆောင်းပါးရှင်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013