Home
မြန်မာသတင်း
မန္တလေးတွင် ခွေးရူးရောဂါကာကွယ်ဆေး လိုက်လံထိုးပေး
DVB
·
September 29, 2018
ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့မှာ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ လိုက်လံထိုးပေးနေပါတယ်။ မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန နဲ့ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်းပြီး စက်တင်ဘာ ၂၈ ရက်က ၁၂ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (World Rabies Day) အဖြစ် ခွေးရူးကာကွယ်ဆေး အခမဲ့ လိုက်လံထိုးပေးနေတာပါ။ မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်က ''ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်း အလေ့အထကောင်းတွေ တိုးပွားလာဖို့ အခုလို ဆောင်ရွက်တာပါ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) နဲ့ ပူးပေါင်းပြီး မန္တလေးမြို့မှ ခွေးရောဂါကာကွယ်ဆေး အခမဲ့ ထိုးပေးတာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာ ဝင်းနိုင်ကိုကိုက ''စိန်ပန်းရပ်ကွက်မှာ ကာကွယ်ဆေး ၈၅ လုံး၊ အမရပူရမြို့နယ်မှာ ကာကွယ်ဆေး အလုံး ၅ဝ ထိုးပေးနိုင်ခဲ့ပါတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။ ၁၂ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ရန်အောင်ကျောင်းတိုက်ဝန်းကျင် နဲ့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ဝန်းကျင်မှာရှိတဲ့ ခွေး၊ ကြောင် ၁၃၅ ကောင်ကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024