Home
မြန်မာသတင်း
မျိုးသုဉ်း​လုနီး မြန်​မာ့ ​ရွှေသမင်​များ ထိန်းသိမ်းကာကွယ်​ရန် လိုအပ်
DVB
·
September 29, 2018
မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံခရိုင်​ မြင်းခြံမြို့နယ်​ရှိ ယုန်​ထိုး​တောင်​​ပေါ်မှာ သဘာဝအတိုင်း​ပေါက်​ဖွားရှင်​သန်​​နေတဲ့ မြန်​မာ့ ရွှေသမင်​နဲ့​တောရိုင်းတိရစ္ဆာန်​တွေ မျိုးသုဉ်း​ ပျောက်​ကွယ်​မသွား​စေဖို့ အစိုးရအ​နေနဲ့ ထိန်းသိမ်းကာကွယ်​သွားဖို့ လိုအပ်​​နေတယ်​လို့ ယုန်​ထိုး​တောင်​ဆရာ​တော်​ အရှင်​​ခေမိန္ဒာစာရက မိန့်​ပါတယ်​။ "ဒီယုန်​ထိုး​တောင်​​ပေါ်မှာ သဘာဝအတိုင်း ​နေထိုင်​ကျက်​စား​နေတဲ့ မြန်​မာ့​ရွှေသမင်​၊ ယုန်​၊ ဂျီ စတဲ့ ​တောရိုင်း တိရစ္ဆာန်​​တွေ အများအပြားရှိတယ်​။ အနီးပတ်​ဝန်းကျင်​​ကျေးရွာရှိ ​တောလိုက်​မုဆိုး​တွေက ယာခင်း မီးရှို့တာ​တွေ၊ ​နွေရာသီဆိုရင်​ ​တောင်​ကိုမီးရှို့ပြီး ​တောရိုင်းတိရစ္ဆာန်​​တွေကို ဖမ်းဆီးတာ​တွေ၊ ​နှောင့်ယှက်​တာ​တွေ၊ အမဲလိုက်​တာ​တွေ လုပ်​​နေ​တော့ သဘာဝအတိုင်း​နေထိုင်​​နေတဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေ တဖြည်းဖြည်းနဲ့ ​မျိုးသုဉ်း​ပျောက်​ကွယ်​သွား​တော့မှာ၊ အထူးသဖြင့် ရှားပါး တိရိစ္ဆာန်​တမျိုးဖြစ်​တဲ့ မြန်​မာ့​ရွှေသမင်​​တွေကို အထူးကြပ်​မတ်​ပြီး ကာကွယ်​​ပေးဖို့ အစိုးရကို တိုက်​တွန်းချင်​ပါတယ်​။” သမင်​၊ ယုန်​၊ ဂျီ စတဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေအတွက်​ ​ဘေးမဲ့ကြိုးဝိုင်းဖြစ်​​စေချင်​သလို ပူပြင်းတဲ့​ဒေသဖြစ်​တဲ့အတွက်​ သဘာဝပတ်​ဝန်းကျင်​ ကာကွယ်​​စောင့်​ရှောက်​ဖို့နဲ့ ​တောရိုင်းသစ်​ပင်​​တွေ ကာကွယ်​ဖို့က မီးမ​လောင်​​အောင်​၊ မီးမရှို့အောင်​ တားမြစ်​ကာကွယ်​​ပေးဖို့ အ​ရေးကြီးတယ်​လို့ ဆရာတော်က မိန့်ပါတယ်။ ယုန်​ထိုး​တောင်​​ဒေသ လူထုအ​ခြေပြု သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​စောင့်​ရှောက်​​ရေး​ကော်​မတီ ဥက္ကဋ္ဌ တိုင်း​ဒေသကြီး (၂) လွှတ်​​တော်​ကိုယ်​စာလှယ်​ ဦးခင်​​မောင်​​အေးက ယုန်​ထိုး​တောင်​ကို သဘာဝနယ်​​မြေတခု ဖြစ်​​ပေါ်နိုင်​ဖို့၊ ​တောရိုင်းတိရစ္ဆာန်​​တွေကို ထိန်းသိမ်းကာကွယ်​ဖို့  ဌာနဆိုင်​ရာ​တွေနဲ့ ပြည်​တွင်း/ ပြည်​ပ ပတ်​ဝန်းကျင်​ အဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​​သွားမယ်​လို့ ပြောပါတယ်။ မြန်​မာ့​ရွှေသမင်​​တွေကို စစ်​ကိုင်းတိုင်း ချပ်​သင်း​ဘေးမဲ့​တော၊ မ​ကွေးတိုင်း ​ရွှေစက်​​တော်​​ဘေးမဲ့​တောနဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်​အတွင်းရှိ က္ကုကဲ​တောင်​၊ ယုန်​ထိုး​တောင်​၊ မင်းစုံ​တောင်​၊ ပုပ္ပါး​တောင်​​တွေမှာ ​တွေ့ရှိရပါတယ်။ မြန်​မာနိုင်​ငံမှာ မြန်​မာ့​ရွှေသမင်​ကို ဥပ​ဒေနဲ့ ကာကွယ်​ထား​သော သဘာဝမျိုးရင်းလည်း ဖြစ်​ပါတယ်​။ နိုင်​ငံတကာ သဘာဝထိန်းသိမ်း​ရေးအဖွဲ့အစည်း (IUCN) က စစ်​တမ်း​ကောက်​ယူပြီး မြန်​မာ့​ရွှေသမင်​​​တွေဟာ မျိုးသုဉ်းအန္တရာယ်ရှိ​ကြောင်း ထုတ်ပြန်ထားတယ်​လို့လည်း သိရပါတယ်​။ မြင်းခြံမြို့နယ်​ရှိ ယုန်​ထိုး​တောင်​ဟာ အကျယ်​ဧရိယာ ၅ဝဝဝ ​ကျော်​ ဧကလောက်ရှိပြီး၊ အမြင့်ပေ ၂၅ဝဝ ​ပေ ရှိကာ သဘာဝ​တောရိုင်းသစ်​ပင်​တွေ အများအပြား ​ပေါက်​​ရောက်​​ပေမယ့် နှစ်​စဉ်​နှစ်​တိုင်း မီးရှို့ဖျက်​ဆီးတာ​တွေ ခံ​နေရတယ်​လို့လည်း ယုန်​ထိုး​တောင်​ဆရာ​တော်​က မိန့်​ပါတယ်​။ သတင်း-ရီရီထွန်း ( မြင်းခြံ ) ဓာတ်​ပုံ-ယုန်​ထိုး​တောင်​ဆရာ​တော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024