အာဖဂန်နစ္စတန်တွင် စစ်ပွဲများကြောင့် ရုပ်ရှင်ရုံများ တဖြည်းဖြည်း ပျောက်ကွယ်

အာဖဂန်နစ္စတန် နိုင်ငံအတွင်း စစ်ပွဲတွေကြောင့် ရုပ်ရှင်ရုံတွေ တစစ ပျောက်ကုန်ပြီး မြို့တော် ကဘူးလ်မှာ ရုပ်ရှင်ရုံ ၂ ရုံသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ကြည့်သူလည်း နည်းလာပါတယ်။ ရုပ်ရှင်ရုံတရုံမှာ ပြခန်းတခန်းကို ထိုင်ခုံ ၆ဝဝ ရှိပေမယ့် ရုပ်ရှင်ကြည့်ပရိသတ် လူအယောက် ၂ဝ တောင် မပြည့်ပါဘူး။ နှစ်ချီပြီး စစ်ဖြစ်ခဲ့တာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရုပ်ရှင်တွေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု ကျဆင်းခဲ့တယ်လို့ ရုပ်ရှင်ရုံ မန်နေဂျာ ဆေးယဒ်ဖှာရွတ်ခ်က ပြောပါတယ်။ တရက်ကို ရုပ်ရှင် ၃ ကားသာ ပြပြီး ရုပ်ရှင်ရုံ ပြုပြင်ထိန်းသိမ်း ပြုပြင်ရေးအတွက်တောင် ငွေပြတ်နေတယ်လို့ သူက ပြောပါတယ်။ အာဖဂန်မှာ သွေးချောင်းစီး ပဋိပက္ခတွေ နေ့တိုင်းဖြစ်နေလို့ ပရိသတ်တွေအတွက် အချိန်တို ဝမ်းသာမှု ပေးနိုင်ရင်ကို အင်မတန် ဝမ်းသာနေရတယ်လို့ သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up