A d v e r t i s e m e n t With Us

ထောင်ထဲတွင် ဘယ်လိုနေထိုင်လဲ သိချင်၍ မူးယစ်ဆေးသုံး အဖမ်းခံသည့် အမျိုးသား

ဓာတ်ပုံ - Sanook
ထိုင်းနိုင်ငံမှ အသက် ၄၄ နှစ်အရွယ် လူထူးဆန်း အမျိုးသားတဦးဟာ ပြင်ပကမ္ဘာက လူမှုအသိုင်းအဝိုင်းကို စိတ်ကုန်တဲ့အတွက် မူးယစ်ဆေးဝါးသုံးကာ ထောင်ကျခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆန်ထောင်အမည်ရ အဲဒီအမျိုးသားဟာ ခိုရတ်တ်ကနေ ချာခတ်ဆအိုကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာခဲ့ပြီး ရေအိမ်ထဲကတွေ့တဲ့ ယာဘမူးယစ်ဆေးပြား တပြားကို သုံးခဲ့ပြီး နောက်တပြားကိုတော့ သူ့ရဲ့ ဘောင်းဘီအိတ်ထဲထည့်ကာ လိုက်ပါလာခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ စက်တင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ဘတ်စ်ကားဟာ မြို့ထဲ ဆိုက်ရောက်ချိန်မှာတော့ သူက “ကျနော် ယာဘဆေး သုံးထားခဲ့ပါတယ်။ နောက်တပြားက ကျနော့်ဘောင်းဘီထဲမှာ” ဆိုပြီး ထုတ်ဖော်ကြေညာလိုက်ပြီး “ကျနော့်ကို ဖမ်းပါ” လို့ ပြောခဲ့ပါတယ်။ ရဲတွေက သူ့ကို စစ်ဆေးခဲ့ချိန်မှာတော့ ဘောင်းဘီအိတ်ထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ယာဘမူးယစ်ဆေးပြားတပြားကို တွေ့ရပြီး ဆေးရုံမှာ စစ်ဆေးချက်ယူချိန်မှာတော့ မူးယစ်ဆေးဝါး သုံးထားခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူရည်ရွယ်တဲ့အတိုင်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လက်ဝယ်ထားရှိမှု အဆင့် ၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဆန်ထောင်က သူဟာ ထိုင်းလူမှုအသိုင်းအဝိုင်းကို စိတ်ကုန်စိတ်ပျက်နေတာမို့ ထောင်ထဲမှာတော့ ဘယ်လိုနေမလဲ သိချင်စိတ်နဲ့ ခုလိုလုပ်ခဲ့တာလို့ ပြောပါတယ်။ သူ့ကို ပြစ်ဒဏ် ဘယ်လောက်ချမှတ်လိုက်တယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up