Home
မြန်မာသတင်း
မြင်းခြံတွင် တက္ကသိုလ်​​ကျောင်းသား ၂ဦး အပါအဝင်​ ၇ဦးကို မူးယစ်ဆေးမှုဖြင့်ဖမ်းဆီး
DVB
·
September 28, 2018
မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့မှာ တက္ကသိုလ်ကျောင်းသား ၂ ဦးအပါအ၀င် အမျိုးသား ၇ ဦးကို  စိတ်​ကြွရှုးသွပ်​​ဆေးပြားတွေနဲ့ အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ စက်​တင်​ဘာ ၂၇ ရက်​  နေ့လည် ၁၂ နာရီလောက်က  မန္တလေးတိုင်း ရဲတပ်​ဖွဲ့၊ မူးယစ်​​ဆေးဝါးဖမ်းဆီး​ရေးအဖွဲ့နဲ့ မြင်းခြံခရိုင်​မှုခင်းနှိမ်​နှင်း​ရေးတပ်​ဖွဲ့ဝင်​တွေက မြင်းခြံမြို့ အမှတ်​ (၁၉) ရပ်​ကွက်​၊ နယ်​​မြေ (၁၄) သဇင်​လမ်းရှိ ​နေအိမ်​တအိမ်ကို သတင်းအရ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ ၀င်ရောက်ဖမ်းဆီးရာမှာ ​အောင်​ရဲ (ခ) ​အောင်​သူရ၊ ချမ်းငြိမ်းဦး၊ မျိုးမြင့်​​ကျော်​၊ ရဲလွင်​ဖြိုး၊ ​အောင်​စိုးမိုး၊  မြန်မာစာ တတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ ​အောင်​မြင့်​သူနဲ့ ပိုင်​ငြိမ်းဦးတို့ကို စိတ်​ကြွရှုးသွပ်​​ဆေးပြား ၁၉၈ပြားနဲ့အတူ  ဆက်​စပ်​ပစ္စည်းတွေနဲ့ ငွေကျပ်​ ၄၆၆၀၀တို့အား ဖမ်းဆီးရမိခဲ့ တယ်လို့ မြင်းခြံရဲစခန်းက သိရပါတယ်​။ ဒီအမှုကို ဒုရဲအုပ်​​အောင်​လှိုင်​ဝင်းက တရားလိုပြုလုပ်​ပြီး တိုင်​တန်းခဲ့ရာမှာ မြင်းခြံမြို့မ ရဲစခန်းက မူးယစ်​​ဆေးဝါးနှင့် စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာဥပ​ဒေအရ အမှုဖွင့် အရေးယူထားပါတယ်​။ သတင်း-ရီရီထွန်း (မြင်းခြံ)၊ ဓာတ်​ပုံ -မြို့မရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024