DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်နှစ်ခု နယ်မြေပြဿနာ ညှိနှိုင်းရန် ကြိုးစား
DVB
·
August 15, 2012
တိုင်းရင်းသားလက်နက်ကိုင်တပ်နှစ်ခု နယ်မြေပြဿနာ ညှိနှိုင်းရန် ကြိုးစား
1 / 3
Donate to DVB

ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲကို နယ်ကျွံ ၀င်ရောက်တယ်ဆိုပြီး ဖမ်းထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့ဝင် ၁၄ ဦး ပြန်လွတ်ဖို့ နှစ်ဖက်ညှိနှိုင်းကြိုးစားနေပါတယ်။

[caption id="attachment_29250" align="alignleft" width="247" caption="ဗိုလ်မှူးစိုင်းလောဝ်ဆိုင်"][/caption]

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စု ပုံတောင်းဒေသထဲမှာ  ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့  အက်စ်အက်စ်အေအဖွဲ့ဝင်တွေ ပြန်လွတ်လာဖို့နဲ့ အထင်မြင်လွဲမှားမှုတွေ  ပြေလည်စေဖို့အတွက် ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“အရင်တုန်းကလည်း ပြဿနာတွေ ဖြစ်ခဲ့ဖူးတာ ရှိပါတယ်။ နောက်ပိုင်းကျတော့ ကျနော်တို့ အချင်းချင်း ဆွေးနွေးပြီးတော့ ပြေလည်မှုတွေ ရရှိသွားပါပြီ။ ဒါပေမယ့် ကျနော်တို့ အပစ်အခတ် ရပ်စဲရေး လာလုပ်တဲ့အခါကျတော့ နယ်မြေပြဿနာ အနည်းအကျဉ်း ပေါ်ထွက်လာတာကို တွေ့ရတယ်။ သူတို့ရဲ့ ရှင်းလင်းချက်ကိုပဲ ကျနော်တို့ စောင့်မျှော်နေတာပါ။ သူတို့ကတော့ ထိန်းချုပ်ထားတဲ့သူတွေအတွက် ဘာမှ စိတ်မပူပါနဲ့လို့ ပြောပါတယ်။”

ဒီနှစ် အလှူရှင်ရဲ့ ထောက်ပံ့မှုတွေ လျှော့ချလို့ ဒုက္ခသည်တွေကို ရှမ်းပြည်တပ်မတော်က  စိုက်ပျိုးရေးလုပ်ဖို့ ကူညီခဲ့ပါတယ်။ ယာခင်းစောင့်တဲတွေ ဆောက်နေတုန်း ၀ ထိန်းချုပ်နယ်မြေထဲ နယ်ကျွံလာတယ်ဆိုပြီး ဒုက္ခသည်နဲ့ ရှမ်းတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးကို ၀ တပ်ဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိန်းသိမ်းခဲ့တယ်လို့ အက်စ်အက်က်စ်အေက ပြောပါတယ်။

ထိန်းသိမ်းခံရတဲ့နေ့မှာပဲ အဲဒီဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပေမယ့်  ပြန်မလွှတ်ပေးသလို  ဩဂုတ်လ ၁ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရှမ်းပြည်တပ်မတော်ဘက်က အရာရှိတချို့ ၀ တောင်ပိုင်းဌာနချုပ်ကို ညိနှိုင်းဆွေးနွေးဖို့ သွားခဲ့ပေမယ့် ဘာမှမဆွေးနွေးခဲ့ရဘူးလို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆက်ပြောပါတယ်။

[caption id="attachment_29251" align="alignright" width="258" caption="ဦးအောင်မြင့်"][/caption]

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူဒဗလျူအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို မေးမြန်းကြည့်ရာမှာ ရှမ်းတပ်ဘက်က နှစ်ကြိမ် ဆက်သွယ်လာတယ်လို့ အတည်ပြုပြောပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေက ဖြေရှင်းဖွယ်ရှိတယ်လို့ ဖြေပါတယ်။

“ဒီကိစ္စက ၂ ခါဆက်သွယ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒီဘက်ကတော့ အထက်အဆင့်ဆင့် ဆွေးနွေးလိုတဲ့သဘောရှိတယ်။ အောက်ခြေကနေ ခရိုင်မှူးတို့ ဘာတို့က ဆွေးနွေးပြီးလည်း ပြဿနာက မပြေနိုင်ဘူးပေါ့ဗျာ။”

ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ဟာ န၀တအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူပြီးခဲ့တဲ့နောကိပိုင်း ၁၉၉၉ ခုနှစ်လောက်မှာ အစိုးရက ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံနဲ့ မိုင်းဆတ်ဘက်ကို ၀ တပ်မိသားစုနဲ့ ၀ ပြည်သူပေါင်း  ၂ သောင်းလောက် ရွှေ့ပြောင်းနေထိုင်စေခဲ့ပါတယ်။
အဲဒီနောက် ဟွေအော့ကျေးရွာအုပ်စုဘက်မှာ တောင်ပိုင်း ၀ ဌာနချုပ် ဖွင့်လှစ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013