မန်ယူနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ခွင့်ရ

2K
အီတလီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရသွားပါပြီ။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ် ဗလန်စီယာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီကတ်နဲ့ အထုတ်ခံရပြီး တပွဲပယ်ပြစ်ဒဏ်ပဲ ကျခံရတဲ့အတွက် မန်ယူနဲ့ပွဲမှာ ပါဝင်ခွင့်ရတာပါ။
တကယ်လို့ ၃ ပွဲပယ်ပြစ်ဒဏ် ကျခံရမယ်ဆိုရင် မန်ယူနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးအတွက်တော့ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် အနီကတ်နဲ့ အထုတ်ခံရတာပါ။
ဒါပေမယ့် ချန်ပီယံလိဂ် ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု ဂျီ မှာ မန်ယူ၊ ဗလန်စီယာ၊ ယန်းဘွိုင်းစ်အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
ဓာတ်ပုံ - EPA