DVB Logo
Home
မြန်မာသတင်း
၉၀ ရွေးကောက်ပွဲလို အဖြစ်မခံနိုင်ဟု ၈၈ မျိုးဆက်များ ပြောကြား
DVB
·
August 15, 2012
၉၀ ရွေးကောက်ပွဲလို အဖြစ်မခံနိုင်ဟု ၈၈ မျိုးဆက်များ ပြောကြား
Donate to DVB

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲတုန်းကလို အခြေအနေမျိုးမဖြစ်အောင် ပြည် သူတွေကို ကာကွယ်နိုင်ဖို့၊ စည်းစနစ်ကျတဲ့ အစုအဖွဲ့ကောင်းတွေ၊ ကွန်ရက်တွေ ဖွဲ့စည်းနိုင်ဖို့ အတွက် ကြိုးစား လုပ်ဆောင်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ပြောကြားလိုက်ပါတယ်။

အခုလ ၁၄ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ကျောက်ပန်းတောင်းမြို့ မြတ်ရွှေဂူ စာသင်တိုက်မှာ ပြုလုပ်တဲ့ လူထုနဲ့ တွေ့ဆုံပွဲ အခမ်းအနားမှာ အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။

[caption id="attachment_29243" align="alignleft" width="300" caption="ကိုမင်းကိုနိုင် လူထုကို ဆွေးနွေးပြောကြားနေစဉ်"][/caption]

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က “ကျနော်တို့ခေါင်းထဲမှာ အခုရှိနေတာက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်ဖို့ပဲ အာရုံစိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲကိုကြည့်လိုက်ရင် ၁၉၉၀ တုန်းကလည်း တောင်ပြိုကမ်းပြိုနိုင်ခဲ့တာပဲ။ အဲဒီ ရွေးကောက်ပွဲရလဒ်ကို ကိုယ့်လက်ထဲ ရောက်အောင်လုပ်ဖို့ ကျနော်တို့ဘက်က အင်အားတွေ စနစ်တကျ မရှိခဲ့ဘူး။ မလုပ်နိုင်ခဲ့ဘူး။ အဲတော့ ၂၀၁၅ ကို ၁၉၉၀ တုန်းကလို ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်လို့ ကျနော်တို့ ဒီတိုင်းပြည်ကို လှည့်လည်တယ်လို့ ရှင်းရှင်းပဲ ပြောပါရစေ။”

၈၈ မျိုးဆက်ကျောင်းသားတွေဟာ အကျဉ်းထောင်ကလွတ်ပြီး သိပ်မကြာခင်မှာပဲ အခုလိုအစုအဖွဲ့နဲ့ ကွန်ရက်ကောင်းတွေ ပေါ်ပေါက်ဖို့အတွက် မြန်မာပြည် အရပ်ရပ်ကို လှည့်လည်စည်းရုံး တိုက်တွန်းနေတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ရှိပြီး တွေ့ဆုံမှုနောက်မှာ ရလဒ်ကောင်းတွေ ထွက်အောင် ကြိုးစားမယ်လို့လည်း လူထုကို ပြောဆိုခဲ့ပါတယ်။

ကိုမင်းကိုနိုင်က “ကျနော်တို့ သမ္မတနဲ့ တွေ့မယ်ဆိုတာက ထိုက်ထိုက်တန်တန် ဖြစ်အောင် ကြိုးစား မှာပါ။ အမည်နာမနဲ့ သတင်းစာထဲမှာ ဓာတ်ပုံဖော်ပြတဲ့ တွေ့ဆုံမှုမျိုးတော့ ဘယ်တော့မှ အဖြစ်မခံဘူးလို့ ကတိပေးပါတယ်” လို့ ပြောပါတယ်။

ကျောက်ပန်းတောင်း မြို့သူမြို့သားတွေက ၈၈ မျိုးဆက်ကျောင်းသားတွေကို ဂုဏ်ထူးဆောင် မြို့သူမြို့သားတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ဒီအခမ်းအနားမှာ ကြေညာသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013