Home
မြန်မာသတင်း
ထောက်ကြန့် ခုံးကျော်တံတားဘတ်ဂျက် ပြန်သုံးသပ်ရန်အကြံပြု  
DVB
·
September 27, 2018
ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ထားတဲ့ ထောက်ကြန့်ခုံး ကျော်တံတားဆောက်မယ့်ကိစ္စကို လာမယ့်နှစ် ဘတ်ဂျက်မှာ ရန်ကုန်တိုင်းအစိုးရက ထည့်သွင်းထားတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အခုလို အကြံပြု ဆွေးနွေးခဲ့ကြတာပါ။ အစီရင်ခံစာနဲ့ ဆွေးနွေးချက်တွေမှာ ထောက်ကြန့်ခုံးကျော်တံတား စီမံကိန်းဟာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ချက်အတည်ပြုပြီးသား ဖြစ်တဲ့အတွက် တိုင်းဒေသကြီး အစိုးရက ပြန်လည်သုံးသပ်ဖို့  ပြောဆိုလိုက်ကြတာဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။ ထောက်ကြန့်ခုံးကျော်တံတားကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းမှာ ကျပ် ၂ ဘီလီယံ အသုံးပြုတည်ဆောက်ဖို့ ယာထားပြီး ပြည်သူ့ငွေစာရင်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တခြား စီမံကိန်းတခုခုကို ပြောင်းလဲ သုံးစွဲဖို့  အကြံပြုထားပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့က အစီရင်ခံစာတွေ တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024